အဆမတန်ခုန်နေသော ရင်ဘတ်ကို
လက်နဲ့ဖိထားမိတော့ ပိုလို့ပင်တိုးခုန်နေသလို...ပန်းနုရောင် လက်ရှည်လေးကိုမှ
ဂျင်းပြာရောင် ဘောင်းဘီတိုလေးဖြင့်တွဲဝတ်ကာ
လိုတာထက်ပိုပြီး ပြင်ဆင်နေသူက krist....ရေမွှေးကို ခေါင်းစခြေဆုံး စွတ်ပြီးကာမှ
သတိရတာက Gunကိုခေါ်ရမှာကိုသတိရမိသည်။အိမ်ချင်းကပ်ရပ်မို့ ဝင်ခေါ်ရတာသိပ်တော့
မပင်ပန်းလှ....."Mom krup...."
Gun တို့အိမ်ထဲဝင်ဝင်ခြင်း Gun အမေကို
Krist ချွဲနွဲ့စွာ ခေါ်လိုက်သည်။"သားလေး kit ရိူးအပြည့်နဲ့ ဘယ်သွားဖို့လဲ..."
"Album ထုတ်ဖို့ကိစ္စအတွက် လူကြီးတွေနဲ့
သွားတွေ့ဖို့ဗျ။ဒါနဲ့ Mom
Gun ရှိလားမသိဘူးဗျ ""ရှိတယ် သားရေ
Din တို့အိမ်က ပြန်လာပြီးထဲက
အခန်းထဲက မထွက်တာ ခုထိပဲ...
အဲ့ကလေး ဘာဖြစ်လာလဲတော့
မသိပါဘူးလေ ""Aww... "
♬♬♬♬ Cover♬♬♬♬
ကျွန်တော့်ရှေ့ Coverလုပ်ပေးခဲ့တာတွေက ဘာအတွက်လဲ ဟုတ်လား Gun.....
တစ်ခါတစ်လေ အချစ်ဆိုတာ
နှုတ်ခမ်းဖျားက ချစ်တယ်ပြောလိုက်တာထက်
အပြုအမူတွေနဲ့ သက်သေပြလိုက်ရတာ
ပိုအဓိပ္ပါယ်ရှိပါတယ်။Gun ပြန်သွားပြီးထဲက အိမ်ထဲမနေချင်တာကြောင့် Gunတို့အိမ်နားက
ပန်းခြံတစ်ခုတွင်သာ ထိုင်နေမိတဲ့ Off...ညနေစောင်းလာတာ သိပေမယ့်
ပန်းခြံမပိတ်သေးတာမို့ သစ်ပင်အရိပ်ရမဲ့နေရာ
လေးတွင်မှ ထိုင်တွေးနေဖြစ်သည်...ဒီပန်းခြံလေးကို Offမမေ့နိုင်သလို
ဒီပန်းခြံထဲ ပျော်နေခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်ကိုလည်း
မေ့မရဘူး.....Flash back....
ယောကျာ်းလေးတစ်ယောက်ဖြစ်နေပေမဲ့
အဖြူရောင် နှင်းဆီခင်းကြီးကို
ပျောက်သွားမည့်အလား စူးစိုက်ကြည့်နေတဲ့
အသက် ၄နှစ်အရွယ် ကောင်ငယ်လေးတစ်ယောက်....ခြယ်သမူမပါတဲ့ ပါးပြင်နုနုလေးကလည်းရဲတတ်နေသလို
ဆိုးဆေးမပါတဲ့ နှုတ်ခမ်းသေးသေးလေးတွေကလည်း
နှင်းဆီနီတွေပမာ.....