Gun တစ်ညလုံး Offရင်ခွင်ထဲ ဝင်တိုးရင်းသာ
အိပ်ခဲ့ရသည်မို့...ပျော်နေမိသည်။
မာမီကိုလည်း အလုပ်ကိစ္စနဲ့ အိမ်မပြန်လာဘဲ
Off အိမ်မှာ အိပ်ဖြစ်မယ်ဆိုတော့
မာမီကလည်း ခွင့်ပြုသည်လေ....Gun ပျော်လွန်းလို့ အစောကြီးနိုးနေပေမယ့်
Off ရင်ခွင်ထဲ အိပ်နေတာမို့ မလှုပ်ရဲသေး...
ချစ်ရသူဟာ...အိပ်ပျော်နေတာတောင်
ချစ်စရာကောင်းလွန်းနေတာ
မနာလိုစရာပင်....ချစ်ရသူ၏ ဆံနွယ်တစ်ချို့ဖုံးနေတဲ့
နဖူးကို ခပ်ဖွဖွနမ်းရင်း "ချစ်တယ်"
လို့ ဝန်ခံမိတော့ ချစ်ရသူရဲ့
နှုတ်ခမ်းပါးဟာ ပြုံးရောင်သန်းလာသလို...."လူဆိုးကြီး ထတော့ဗျာ...."
လက်သီးဆုပ်လေးနဲ့ ခပ်ဖွဖွထုရင်း
ကျီစယ်မိပြန်တော့..."မထချင်သေးဘူး ဖက်အိပ်ချင်သေးတာ...."
ရင်ခွင်ထဲရောက်နေတဲ့ ကျွန်တော့်ကို
တင်းနေအောင် ပိုတိုးဖက်လာတဲ့
ကျွန်တော် ချစ်ရသူဟာ
ပြည့်စုံလွန်းနေတာ ခင်များတို့သိပါလေစ....ကျွန်တော့်ပါးထဲ နစ်ဝင်သွားအောင်
ဖိကပ်လာတဲ့ ချစ်ရသူရဲ့ နှုတ်ခမ်းတစ်စုံဟာ
သိပ်နူးညံကြောင်း ဘယ်လိုဖော်ပြရပါ့မလဲ...."ပိုချစ်တယ်...ကိုယ့်ပေါက်စလေး...."
ဒီလူကြီးသက်သက် အကဲပိုနေတာ...
♬♬♬♬ Cover♬♬♬♬
အပေါ်ယံသက်သက် ဟန်ဆောင်မှုတွေနဲ့
ချစ်ပြနေတာ ဆိုရင်တောင် ကျွန်တော်ကျေနပ်ပါတယ် ချစ်ရသူ..."ကလေး ကိုယ်ဒီနေ့ ခေါ်သွားစရာတစ်နေရာရှိတယ်..."
"ဘယ်နေရာလဲဟင်..."
ကိုယ်ပေါ် တက်ခွထားတဲ့ ထိုကလေးက
မျက်စိသူငယ် နားသူငယ်လေးနဲ့ ပြောနေတယ်ဆိုတာ..."ဟိုရောက်ရင် သိမှာပေါ့..
မြန်မြန်လုပ်သွားရအောင်..."အချိန်အားဖြင့် ၁၀နာရီကျော်လေးပင်
ရှိသေးတာကြောင့် သိပ်မပူတာမို့
နေလို့ကောင်းတဲ့ အခြေအနေမျိုးသာ....ချစ်သူ အနားရှိနေရတဲ့ အချိန်လေးကို
ရပ်တန့် ထားချင်မိသည်
ထွက်မသွားရခင် အချိန်လေး
ခဏလောက် ဖြစ်ဖြစ်ပေါ့...