Off မနက်စာစားဖို့စောင့်နေပေမယ့်
အချိန်တော်တော်ကြာမှဆင်းလာတဲ့
Gun ကြောင့်သက်ပြင်းချမိသည်...."အဲ့လောက် အကြာကြီး
မင်းဘာလုပ်နေတာလဲ""ကိုကို ကလည်းဗျာ
ရေချိုးနေလို့ နည်းနည်းကြာသွားတာပါဗျ""ဘယ်က ကိုကိုလဲGun..."
ကျွန်တော် အသံမာမာနဲ့ ပြောလိုက်တာမို့
မျက်ရည်အဝိုင်းသားနဲ့ ကျွန်တော့လက်မောင်း
ကိုလာဆွဲတဲ့ ထိုကောင်လေး...."ကျွန်တော် Papi ကို ကိုကိုလို့ ခေါ်တာလေဗျာ။ကိုကို မကြိုက်ရင်..."
"တော်တော့ Gun
ဆက်မပြောနဲ့တော့..."Offအော်လိုက်သလို ချိတ်ထားတဲ့Gunလက်ကိုလည်း ဖြုတ်ချလိုက်တာမို့
Gun ကြမ်းပြင်ပေါ် ထိုင်ရက်လေး
ပြုတ်ကျလို့......ကိုကို ကျွန်တော့်ကို မချစ်ရင်လည်း
ကျွန်တော်ကို ဂရုမစိုက်ပဲနေပေးပါလား ကိုကို
ကျွန်တော်မျှော်လင့်ရတာကို မုန်းတယ်...မျှော်လင့်ချက်ဆိုတာ ထားရင် ဆုံးရူံရတဲ့အခါ
ခံစားရပိုနာကျင်ရတယ်တဲ့ ချစ်ရသူ....
အဲ့ဒါကြောင့် မင်းကို့ကို မျှော်လင့်စေမဲ့အရာမျိုးကို
မဖြစ်စေချင်ဘူး.....Gun လဲနေတာတွေ့ပေမယ့် Off
လာမထူပဲ ခြံထဲထွက်သွားတာမို့
Gun ကိုယ့်ဟာကိုယ် ထပြီး အပေါ်ထပ်အခန်းရှိရာသို့ ပြေးသွားမိသည်။"ကျစ် ဒီမျက်ရည်တွေကလည်း ကျလာပြန်ပြီ....."
ကျလာတဲ့ မျက်ရည်တစ်ချို့ကို လက်ခုံနဲ့ပွတ်သုတ်လိုက်ပေမယ့်
ရေကာတာကျိုးသည့်အလား ကျနေတဲ့ မျက်ရည်စက်တစ်ချို့......"Tsk.....ဒီမျက်ရည်တွေ ကျပဲကျနိုင်လွန်းတယ်..."
ဒီခရီး စထွက်လာထဲက ဘာမှမစားရသေးတာမို့
ဗိုက်ကဆာလောင်လာပေမယ့်
Gun ထွက်မစားဖြစ်......♬♬♬♬ Cover♬♬♬♬
ရုပ်တရက် အခန်းတံခါးဖွင့်သံ ကြားလိုက်တာမို့
Gun အိပ်ချင်ယောင်ဆောင်နေမိသည်....
အိပ်နေတဲ့ Gun ခန္တာကိုယ်လေးကို
Offပွေ့ချီလိုက်ပြီး....."မင်း အိပ်ချင်ယောင်ဆောင်နေတာ ကိုသိတယ်
Gun.....အဲ့ဒါကြောင့်မို့ မျက်လုံးဖွင့်ကြည့်တော့...."