ခန်းမ အပြင်ရောက်သည်နှင့် အနောက်လှည့်ကြည့်မိတော့ အဖြူရောင်ကောင်ငယ်လေးက
ရင်ခွင်ထဲ တိုးဝင်လာသည်...
ခါးထက်လက်ချောင်းသွယ်သွယ်တို့ကတင်းကြပ်နေပြီး ဘယ်ဘက်ရင်အုပ်ကလည်းစိုစွတ်လာသည်။အကြိမ်ကြိမ် သတိရမိတဲ့ ကောင်ငယ်လေးဟာ ရင်ခွင်ထဲအခန့်သင့်နေရာယူ
နေသော်ငြား ကိုယ့်ဘက်က
ဘာမှမတုန့်ပြန်မိသည့်အထိ
လက်ရှိအခြေအနေအား မယုံနိုင်သေး.."လွမ်းနေခဲ့တာ ဒီရင်ခွင်ကြီးကို လွမ်းလွန်းလို့
ရူးမတတ်ပဲ..အင့်..."ကောင်လေးစကားမဆုံးခင် ကိုယ့်ဘက်က
တင်းတင်းကြပ်ကြပ်ဖက်ပြစ်လိုက်တာမို့
အင့် ကနဲအသံလေးနဲ့အတူ
မော့ကြည်လာသည့် ကောင်လေး..."ချစ်နေသေးတယ်မလားဟင်..."
မျက်ရည်တစ်ချို့စိုနေတဲ့ မျက်တောင်လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေးလာတဲ့
ကောင်လေးကို အသဲယားလာတာမို့
ကောင်လေး နဖူးထက် ခပ်ဖွဖွနမ်းဖြစ်တော့
ဟီး ခနဲရီပြလာပြန်သည်။
ဒီကောင်လေး လူကို သတ်နေတာပဲ..."ချစ်တယ်ဆိုတာထက် ကိုယ်မြတ်နိုးရလွန်းလို့ သေမှာပဲကွာ..."
"ပစ်တုန်းကပစ်ထားပြီးတော့ ခုမှအပိုတွေ
လာပြောနေတယ် အဖိုးကြီး..""အဖိုးကြီး...ဒီကောင်လေး လူကြီးကို..."
"😝😝Off Jumpol အဖိုးကြီး..."
"ထုတ်ပြနေတဲ့ လျှာကိုကိုက်ပြစ်မှာနော် Gunလေး..."
"😐"
"လူကို လာဆွထားပြီးမှ မရဘူူးနော် ကလေးပေါက်စလေး..."
"ကိုကို ကလည်း.."
aigooတွေသုံးပြီး ရင်ခွင်ထဲကထွက်ဖို့လုပ်နေတဲ့ ပေါက်စခါးအား ဆွဲကိုင်ရင်း အနှစ်နှစ်အလလလွမ်းသမျှကို နှုတ်ခမ်းဖူးဖူးလေးထက်ချွေချမိသည်...
🎼🎼Cover🎼🎼
တီရှပ်ခပ်ပွပွတစ်ထည်က တင်ပါးအုပ်ရုံခန့်သာကှိနေပြီး ပုခုံးတစ်ဖက်ကလျော့တိလျော့ရဲ...
ငှက်သိုက်အဖေခေါ်ရလောက်ဆံပင်တို့က
ဦးခေါင်းထက်ပွရှုပ်လို့....
ပါးစပ်ပင်မစိနိုင်အောင် တဝါးဝါးသမ်းနေပုံထောက်ညကအိပ်ရေး
ပျက်ထားသည့်ပုံပင်...
ဂျုံမှုန့်တို့နဲ့ဖွေးနေသော မီးဖိုခုံအနက်ရောင်လေးကလည်းလှပလို့...
(မနက်ခင်း၏သာယာကြည်နူးဖွယ်မြင်ကွင်း...😊)