Flashback start.....
"မင်းကို ကိုအရမ်းချစ်တာ ဒါပေမယ့်...."
Off စကားလုံးတွေဟာလည်း
ရှေ့မဆက်ခဲ့သလို Gun ကလေး
ကောင်းကင်ယံကိုသာ တွေတွေလေးငေးလို့နေသည်။"ကိုပြောတာ နားထောင်နေရဲ့လား Gun..."
"ဒါပေမယ့် ဆိုတဲ့စကားနောက် စိတ်ညစ်စရာတွေသာ ရှိမယ်ဆို ဆက်မပြောပါနဲ့လား...."
"ကို ဆက်ပြော...."
"ကျွန်တော် တောင်းဆိုနေတာမဟုတ်ဘူး
တောင်းပန်နေတာ P' ""ကို ဆက်ပြောချင်မိတယ်..."
ထိုစကားရဲ့ အဆုံးတုံပြန်မှု ဆိုတာ
မရှိသလို သူ့ခါးက ကျွန်တော်လက်ကို ဖြုတ်ချပြီး မြက်ခင်းပြင်ပေါ် ထိုင်ချနေတဲ့ Gun..."ဒီကလေးနဲ့တော့လေ..."
Off ခပ်တိုးတိုး ပြောရင်း
ထိုကလေးကို ဆွေ့ကနဲ ပွေ့ချီလိုက်သည်။ချီလိုက်တာနဲ့ Off ရင်ခွင် ခေါင်းဖွက်ပြီး
တစ်ရူံရူံ လုပ်နေတဲ့ ကလေး....
ဘာမှမပြောသေးဘဲ ငိုနေတယ်ဆိုတာ..."ကလေး ဘာလို့ငိုနေတာတုန်း
ကိုကနောက်တာပါကွာ...
ဒါပေမယ့်လို့ ပြောတာက
ကလေးကို လက်ထပ်ဖို့ထိရည်ရွယ်တယ်လို့
ပြောမှာကို....""ဂါး...ခင်များကြီး..လူကို ငိုအောင်လုပ်တယ်...
မကောင်းတဲ့ အဖိုးကြီး..."ပြောပြောဆိုဆို Off ရင်ဘတ်ကို ကိုက်နေတဲ့
ထို အကောင်ပေါက်လေး...."အ့...နာတယ် ကလေးရ..."
"နာပါစေဟာ ကိုက်မှာပဲ..."
မဖြစ်တော့ ဒီတိုင်းဆို Gun ကိုက်ချက်နဲ့
သွေးထွက်မှာ မြင်ယောင်နေတာမို့..."ကလေး အ့ ခဏ
ကို ပေးစရာရှိလို့..."ချီထားသည်ကို အောက်ချပေးရင်း
မျက်နှာချင်းဆိုင် အနေအထားနဲ့
ကလေးကို ဖက်ထားလိုက်သည်။"ပေးမယ်ဆိုပြီး ဘာလို့်ဖက်တာတုန်း
အဖိုးကြီးရဲ့...."ဆူဆူအောင့်အောင့် စကားတစ်ချို့နောက်မှာ
မျက်နှာကို တစ်ဖက်လှည့်ရင်း နှုတ်ခမ်းသေးသေးလေးကလည်း ထော်ထာသေးတဲ့ အနှီကလေးကို
နမ်းချင်စိတ် တို့က အစိုးမရ....