ပင်လယ်ပြင်ရဲ့ လေပြေလေညှင်း ကြား
တိုးတစ်လှည့် ကျယ်တစ်လှည့်ဖြင့်
ထွက်ပေါ် နေသည့် စန္ဒရား သံတစ်ခု
အဆက်မပြတ်ထွက်ပေါ်နေသည်....¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
ကျောင်းပိတ်ရက် ကို ကမ်းခြေသွားချင်သည်ဟု
ပြောထားသော Gun ကြောင့်လိုက်ချင်ပေမယ့် လိုက်ခဲ့ရသည်လေ။ကမ်းခြေနှင့်နီးသော
အိမ်ပုံစံ ပရိဘောဂ အစုံလင်ပါသည့်
ဟိုတယ် မျိုးကိုမှ သူတို့ငှါးနေဖြစ်သည်။
နေတာကလည်း သူငယ်ချင်းနှစ်ယောက်တည်း...စန္ဒရား သံသဲ့သဲ့ကြောင့် Krist
မျက်လုံးနှစ်လုံးကို အားယူဖွင့်ကာ
ကုတင် ဘေးကိုစမ်းကြည့်တော့ Gun ရှိမနေ..." ဒီကောင်ဘယ်ရောက်သွားတာလဲ "
နာရီကိုကြည့်မိတော့ မနက်၄နာရီ။
တစ်ယောက်ထဲနေလည်း ပြန်မအိပ်ပျော်မည့်အတူတူ
Gun ကိုရှာရန် လက်နှိပ်ဓာတ်မီးကို
အဖော်ပြု၍....♬♬♬♬ Cover♬♬♬♬
အဖြူရောင် တီရှပ် တစ်ထည်နှင့် လိုက်ဖက်စွာ
အနက်ရောင် ဘောင်းဘီတစ်ထည်ကို
ဝတ်ဆင်ထားသော အဖြူရောင်ကောင်ငယ်လေးတစ်ယောက်...စန္ဒရား တစ်ခုကို မီးအလင်းရောင်၏အကူအညီမပါဘဲ
ကျွမ်းကျင်စွာ တီးခတ်လို့..." Gun စန္ဒရား တီးနေတာ မင်းမဟုတ်လား "
" ငါမဟုတ်လို့ ဘယ်သူဖြစ်မှာလဲ kit "
"မသိဘူးလေ မင်းက အမှောင်ထဲမှာ
စန္ဒရား တီးနေတာလေ။ပြီးတော့ ဝတ်ထားတာကလည်း အဖြူရောင်
ပင်လယ်လေက အေးနေတော့
ငါက သရဲများလာလို့..."Gun Krist စကားကြောင့် huk ခနဲ
ရီမိသည်။"ပေါက်ပေါက်ရှာရှာကွာ
ဘယ်က သရဲက စန္ဒရား တီးမှာလဲ
တွေးတတ်လိုက်တာလည်း လွန်ပါရော ""မနက် အစောကြီး စန္ဒရား ထတီးနေတဲ့
မင်းကကော ဘာစိတ်ကူးပေါက်လို့လဲ။
ငါ့မှာတော့ ကြောက်လို့သေတော့မှာပဲ ""အိပ်မပျော်တာနဲ့ တီးနေမိတာ
5:30လောက်ကျရင် နေထွက်တာ
သွားကြည့်မလို့..."♬♬♬♬ Cover♬♬♬♬
ပေါင်မုန့်ကြက်ဥကြော်ကိုမှ
စတော်ဘယ်ရီ အနှစ်သုပ်ပြီးစားတဲ့
Kit လိုကြောင်တောင်တောင်သူငယ်ချင်းမျိုး