စိတ်ကူးယဉ် တိုင်းသာ
ဖြစ်မယ်ဆိုရင် လောကမှာ
မဖြစ်နိုင်ဘူး ဆိုတဲ့စကား
သုံးဖို့တောင် ရှိလာမှာ မဟုတ်ဘူး။စိတ်ကူးယဉ် ရတာက
ကျွန်တော့် typeမဟုတ်ဘူး P'
ကျွန်တော် ကလက်တွေ့ကို
ပိုသဘောကျတဲ့ကောင်။
ဒါ့ကြောင့် P' ကိုလည်း
လက်တွေ့ ပိုင်ဆိုင်ချင်တယ်....နာရီ လက်တံသွားနေသံကို
ကြားရတဲ့အထိ တိတ်ဆိတ်လွန်းသော
အိပ်ခန်းလေးထဲ မနက်စောစော
မထစဖူး နိုးနေသည်က Krist..."Gun ငါ P'Off office သွားမလို့
အာ့ မင်းလိုက်ချင်လား...."Kit အိပ်မောကျနေသည့် Gunကို
မရမက နိုးနေခြင်းပင်..."😪 P' ဆီကိုမင်းက???"
ဟား သန်းရင်း မျက်လုံးကို လက်ဖြင့်ပွတ်ရင်း
မေးနေသည့် Gunပုံစံက ကလေးငယ်
တစ်ယောက်လို အပြစ်ကင်းစင်လို့....."ဘာသွားလုပ်မှာလဲ kit"
"Hrr မင်းတကယ်မေ့နေတာတော့
မဟုတ်ပါဘူးနော် Gun""တကယ် မသိတာ ဘာကြီးလဲဟင်"
အိပ်နေရာမှ ထ၍ kit ပခုံးကို လှုပ်ပြီး
Gun မေးမိသည်။"အသာဖန် ငါတို့ Music Album အတွက်
P' တို့ Company နဲ့ Joinထားတာလေကွာ""အာ.....ဟုတ်သားပဲ😀"
"မေ့တတ်လိုက်တာ ငါ့ဘိုးအေ ကျနေတာပဲ"
"မင်းဘိုးအေ ထက်ငါပိုချောပါတယ် kitရာ"
"သေသွားတဲ့ ဘိုးအေ ဆွဲမထည့်နေနဲ့
Gun ငါသွားတော့မယ် မင်းအေးဆေးနားလိုက်အုံး""မင်းတစ်ယောက်ထဲ ဖြစ်ပါ့မလား
ငါလိုက်ခဲ့မယ်လေကွာ"
မနေ့က Din အတွက်သွေးလှူထားတာကြောင့်
ုဖြူဖျော့နေသော နူတ်ခမ်းတစ်စုံရယ်
မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်သေးသော
ခြေထောက်တွေရယ်က သူ့ဆန္ဒ ကို
သေးသိမ်စေသည်။"မလိုက်ပါနဲ့ကွာ
မင်းအားနည်းနေသေးတာမို့
နားလိုက်အုံး ငါ့babyလေးက
လိမ္မာပါတယ်(P' Offရေ
Gun ကို kit က babyတဲ့)"ဘာရယ် baby ဟုတ်လား
ငါလမ်းမလျှောက်နိုင်သေးပေမယ့်
မင်း ဆံပင်တော့ ဆွဲဆောင့် နိုင်သေးတယ်
ဟျောင့်"