Part 16 (U)

768 39 1
                                    

အနက်ရောင်ဝတ်စုံ ကိုယ်စီဖြင့် လူတစ်ချို့
ငိုကြွေးနေကြသည်။ငိုကြွေးသည်ဟု ဆိုရာ
တွင် တိတ်ဆိတ်ခြင်းဖြင့်သာ တီးတိုးငိုနေကြ
ခြင်း...

သေဆုံးသူ၏ သေတမ်းစာအရ သူ၏
ခန္တာကိုယ် အစိတ်ပိုင်းလိုလိုကို ဆေးရုံတွင်
ကြိုတင်လှူဒါန်းခဲ့ခြင်းသာ...

အရိုးပြာအိုးကို ပိုက်ကာ မျက်ရည်တွင်တွင်
ကြနေသော မိခင်ဖြစ်သူ၏ ပုခုံးအား
ဖွဖွဆုပ်ကိုင်ရင်း စိတ်လျော့နေပုံရသော
ဖခင်ဖြစ်သူနှင့် ချစ်ရသူ Gunငယ်လေးမှာ
တအိအိငိုနေဆဲ...

accident အမည်ခံ သူ့အတွက် အသက်ပေးသွားရှာတဲ့ ညီငယ်ကြောင့် မိဘတွေရှေ့ပင်
မျက်နှာမပြဝံ့တာမို့ ဘယ်သူမှမမြင်နိုင်
လောက်မည့်နေရာမှ ဈာပနပွဲကို
လာရခြင်း...

သားငယ်ဖြစ်သူူက ကွယ်လွန်သွားသည့်
အပြင် သားကြီးဖြစ်သူကပါ ပျောက်ခြင်းမလှ
ပျောက်နေသည့်မို့ မိဘများမှာမဖြေသာ...
ကုမ္မဏီကို မန်နေဂျာကိုသာ ဦးစီးစေပြီး
ပျောက်နေတဲ့ သားဖြစ်သူ Offကိုသာ
ရှာနေဖြစ်သည်။

အခု ဒီစာကိုဖတ်နေတဲ့အချိန် အကို့ညီ
ကျွန်တော် လူ့လောကထဲရှိနိုင်မှာမဟုတ်တော့ဘူး။Gunလေးကို ဂရုစိုက်ပါ အကို
ကျွန်တော် အကို့တို့ကို ပျော်စေချင်တယ်။
ကျွန်တော်ချစ်ရတဲ့ အကိုနဲ့Gunအတွက်
ကျွန်တော်လုပ်ပေးနိုင်တာဒါပဲရှိလို့ပါ။
ကျွန်တော့်လုပ်ရပ်ကမှားမှန်းသိပေမယ့်
ကျွန်တော့်အတွက် အကိုတို့ကပျော်ပျော်နေပေးပါ။အကို့ဗီဒိုအံဆွဲထဲမှာ လက်စွပ်လေးနှစ်ခု
ရှိလိမ့်မယ်အကို တစ်ချိန်က ကျွန်တော်ချစ်တဲ့
Gunကို လက်ထပ်ခွင့်တောင်ဖို့လက်စွပ်လေးကို အကိုတို့အတွက်မင်္ဂလာလက်ဖွဲ့အဖြစ်ပေးခဲ့ပါရစေ။
အကို့ရဲ့ညီDin

(မိုးဝသုန်တို့ ပေါက်ကရတွေစလုပ်ပါပြီနော်..🙄)

မသေမသပ်ရေးထားတဲ့ စာလေးတစ်
စောင်ဟာ Offလက်ထဲကြွေမွလို့..
အထပ်ထပ်ဖတ်နေဖြစ်ပေမယ့်
သေဆုံးသူရဲ့ဆန္ဒတို့ကို မဖြည့်ဆည်းနိုင်သေးတာမို့ ငိုနေမိရုံသာ...

🎼🎼Cover🎼🎼

ဘုရားကျောင်းတစ်ခုမှထွက်ပေါ်နေတဲ့
စန္ဒရားသံဟာ ငြိမ့်ညောင်းလို့နေသည်။
ဘုရားသခင်၏ဂရုဏာတော်ကြောင့်
ပတ်ဝန်းကျင်ဟာ ငြိမ်သက်လို့...
သင်းအုပ်ဆရာရဲ့ တရားသံဟာ နှလုံးသားအားအေးမြစေသည်။

သုံးနှစ်..ချစ်ရသူနှင့်အတူ မရောက်ခဲ့ဖူးတဲ့
ဒီနေရာဟာ Offအတွက်အေးချမ်းမှုရှိသည်။
မြို့ပြနဲ့ ဝေးတဲ့ကျေးလက်ဒေသတစ်ခုဖြစ်တာမို့ လူအရောက်အပေါက်နည်းလှသည်။

ရွာလေး၏ ဘုရားကျောင်းဝန်းထဲ တဲသာသာ
အိမ်လေးဆောက်နေဖြစ်သလို ဘုရားကျောင်း
ကိုစောင့်ရှောက်ပေးရတာမို့ ပင်ပင်ပန်းပန်း
အလုပ်ကြိုးစားစရာမရှိ...
ဝါသနာပါတဲ့ စန္ဒယားကိုတီးရင်း
ရွာထဲကခလေးတွေနဲ့ပျော်ပျော်ပါးပါးနေဖြစ်သည်။မင်္ဂလာဆောင်အခမ်းအနား
ရှိတိုင်း စန္ဒယားတီးကာ ဂုဏ်ပြုသီချင်းဆိုပေး
ဖြစ်သည်။

ဒီနေ့ ဘန်ကောက်ကနေ ဒီရွာလေးထိ
လာကျင်းပမယ့် ပွဲတစ်ခုကိုလက်ခံထားရတာမို့ သေချာပြင်ဆင်ထားရသည်။
ရွာလေး၏ မိဘမဲ့ဂေဟာအတွက် အလှူအများကြီးပေးကာ ဘုရားကျောင်းငယ်လေးတွင် အကျဉ်းချုံးကျင်းပမဲ့ ကောင်လေးနှစ်ယောက်စိတ်ဓာတ်ကို မလေးစားပဲမနေနိုင်...

Off မီးခိုးရောင် ဝတ်စုံကိုသပ်ရပ်စွာဝတ်ထားပြီး စန္ဒယားပေါ်လက်ချောင်းတို့အား နေရာယူထားစေသည်...



(ကိုယ့်စိတ်ကူးနဲ့မို့...ရှင်းရှင်းလေးရွေးထားတယ်)

စန္ဒရား ကိုအာရုံစိုက် တီးနေမိသည်က
EXO Chanyeol & Punch ရဲ့ Stay With Me
(media မှာ နားထောင်ကြည့်ပေါ့နော်..
Piano verမို့ သီချင်းသံမပါဘူးလို့...
နားထောင်လို့အရမ်းကောင်းလို့ရယ်..)

"သတို့သား Singto က သတို့သား Kristအပေါ် အိုသည်ဖြစ်စေ နာသည်ဖြစ်စေ
တသက်လုံး လက်ထပ်ပေါင်းသင်းနိုင်ပါမည်လား..."

Father ရဲ့ စကားကြောင့် မော့ကြည့်မိတော့
သူငယ်ချင်းဖြစ်သူတို့ရဲ့လက်ထပ်ပွဲ...
ဒါဆို Gun လေးကရော...
ခေါင်းထဲဝင်လာတဲ့ အတွေးကြောင့် မျက်လုံး
ကစားရင်းရှာမိတော့ အဖြူရောင်အရိပ်ကလေးက ကိုယ့်ဆီလာနေတာမို့ ခန်းမ အပြင်သို့သာ ပြေးထွက်မိသည်...

#TBC

မဒိတ်တာကြာလို့ အရိပ်လာပြတာ အချစ်လေးတို့...

C.o.v.e.r [Zawgyi+Unicode]Where stories live. Discover now