အနက်ရောင်ဝတ်စုံ ကိုယ်စီဖြင့် လူတစ်ချို့
ငိုကြွေးနေကြသည်။ငိုကြွေးသည်ဟု ဆိုရာ
တွင် တိတ်ဆိတ်ခြင်းဖြင့်သာ တီးတိုးငိုနေကြ
ခြင်း...သေဆုံးသူ၏ သေတမ်းစာအရ သူ၏
ခန္တာကိုယ် အစိတ်ပိုင်းလိုလိုကို ဆေးရုံတွင်
ကြိုတင်လှူဒါန်းခဲ့ခြင်းသာ...အရိုးပြာအိုးကို ပိုက်ကာ မျက်ရည်တွင်တွင်
ကြနေသော မိခင်ဖြစ်သူ၏ ပုခုံးအား
ဖွဖွဆုပ်ကိုင်ရင်း စိတ်လျော့နေပုံရသော
ဖခင်ဖြစ်သူနှင့် ချစ်ရသူ Gunငယ်လေးမှာ
တအိအိငိုနေဆဲ...accident အမည်ခံ သူ့အတွက် အသက်ပေးသွားရှာတဲ့ ညီငယ်ကြောင့် မိဘတွေရှေ့ပင်
မျက်နှာမပြဝံ့တာမို့ ဘယ်သူမှမမြင်နိုင်
လောက်မည့်နေရာမှ ဈာပနပွဲကို
လာရခြင်း...သားငယ်ဖြစ်သူက ကွယ်လွန်သွားသည့်
အပြင် သားကြီးဖြစ်သူကပါ ပျောက်ခြင်းမလှ
ပျောက်နေသည့်မို့ မိဘများမှာမဖြေသာ...
ကုမ္မဏီကို မန်နေဂျာကိုသာ ဦးစီးစေပြီး
ပျောက်နေတဲ့ သားဖြစ်သူ Offကိုသာ
ရှာနေဖြစ်သည်။အခု ဒီစာကိုဖတ်နေတဲ့အချိန် အကို့ညီ
ကျွန်တော် လူ့လောကထဲရှိနိုင်မှာမဟုတ်တော့ဘူး။Gunလေးကို ဂရုစိုက်ပါ အကို
ကျွန်တော် အကို့တို့ကို ပျော်စေချင်တယ်။
ကျွန်တော်ချစ်ရတဲ့ အကိုနဲ့Gunအတွက်
ကျွန်တော်လုပ်ပေးနိုင်တာဒါပဲရှိလို့ပါ။
ကျွန်တော့်လုပ်ရပ်ကမှားမှန်းသိပေမယ့်
ကျွန်တော့်အတွက် အကိုတို့ကပျော်ပျော်နေပေးပါ။အကို့ဗီဒိုအံဆွဲထဲမှာ လက်စွပ်လေးနှစ်ခု
ရှိလိမ့်မယ်အကို တစ်ချိန်က ကျွန်တော်ချစ်တဲ့
Gunကို လက်ထပ်ခွင့်တောင်ဖို့လက်စွပ်လေးကို အကိုတို့အတွက်မင်္ဂလာလက်ဖွဲ့အဖြစ်ပေးခဲ့ပါရစေ။
အကို့ရဲ့ညီDin(မိုးဝသုန်တို့ ပေါက်ကရတွေစလုပ်ပါပြီနော်..🙄)
မသေမသပ်ရေးထားတဲ့ စာလေးတစ်
စောင်ဟာ Offလက်ထဲကြွေမွလို့..
အထပ်ထပ်ဖတ်နေဖြစ်ပေမယ့်
သေဆုံးသူရဲ့ဆန္ဒတို့ကို မဖြည့်ဆည်းနိုင်သေးတာမို့ ငိုနေမိရုံသာ...