မိုးပြာရောင် စက်ဘီးထက်
ကောင်လေး နှစ်ယောက်ရဲ့ အပြုံးတွေကတောက်ပလို့....
တောင်တန်း စိမ်းစိမ်းတွေကို မျှော်ကြည့်ရင်း
တောင်တန်းထက် ရောက်ဖို့သာ
အာရုံစိုက်နင်းနေလိုက်သည်။
တောင်တန်း ဒေသတစ်ခုမို့
စက်ဘီးနင်းရတာ ပျော်ဖို့ကောင်းသလို
နောက်ဘက်က ခါးကိုတင်းတင်းဖက်ထားတဲ့
ချစ်ဦးသူကြောင့်လည်း တစ်မျိုးကြည်နူးရပြန်သည်။ချစ်ရသူနဲ့သာဆို ကြည်နူးဖို့ကောင်းလွန်းသည်ဆိုသော
ရှေးအဆို တစ်ချို့ကို Offသိပ်လက်မခံချင်ခဲ့ပေမယ့်
ခုတော့ ဟန်မဆောင်နိုင်အောင်ပင်
ကြည်နူးနေမိသည်လေ...အစိမ်းရောင်တောင်တန်းထက်ရောက်ဖို့
စက်ဘီးဖြင့် နင်းရမည်မှာ မတ်ဆောက်လွန်းသည်...
လှေကားထစ်ပုံစံ လူတစ်ယောက် နှစ်ယောက်သွားလောက်သည့်
အကျယ်အဝန်းမျိုးဖြင့် တောင်နံရံတွေကို
ထွင်းထားသေးသည်....စက်ဘီးနှင့် မသွားပါက ခြေလျင်တက်ရမည်မှာသေချာသည်မို့
Off ဘာလုပ်ရမှန်းမသိ...
သူသိတာက Gun ကို မပင်ပန်းစေချင်ရုံသာ...."Papi ဒီတောင်တန်းက မတ်လွန်းတော့
စက်ဘီးနဲ့တက်ဖို့ မလွယ်လောက်ဘူးနော်
ကျွန်တော် ဟိုလှေကားလေးက တက်ကြမလား...."ကျွန်တော့် ချစ်ဦးသူက အလိုက်သိလွန်းသည်သာ....
"မင်းပုံစံက အားနည်းနေသလိုပဲ Gun
လာ ကို့ကျောပေါ်တတ်လိုက်...""အာ..မဟုတ်တာဗျာ..ကျွန်တော်
လမ်းလျှောက်နိုင်ပါတယ်....""လျှောက်နိုင်လုပ်မနေနဲ့ ကျောပေါမတက်ရင်
ကိုချီသွားမှာနော်....."ချီသွားမယ်ဆိုတာတော့ Gun မလုပ်စေချင်တာမို့ ကျောပေါ်သာလိုက်သွားလိုက်သည်။
စက်ဘီးကို လမ်းဘေးကပ်ရပ်ရင်း
Off...Gun ကိုသာ ကျောပိုး၍ တက်လာဖြစ်သည်။♬♬♬♬ Cover♬♬♬♬
Gun ကို ကျောပိုးလာရသည်မို့
နဖူးထက် ချွေးစတစ်ချို့က နေရာယူနေပြီ။
တောင်ပေါ်ရောက်သည်နှင့် Gunက
ကျော်ပေါ်က ဆင်းရင်း Off နဖူးက
ချွေးစ တစ်ချို့ကို လက်ဖြင့်ပွတ်သုတ်ပေးနေသည်လေ....