အိပ်မက်ထဲ ဘယ်သူနဲ့များ ကြည်နူးနေတယ်မသိ
ပြုံးနေတဲ့မျက်နှာကြီးနဲ့ ကိုကို ဆိုတာကလည်း
တစ်ချက်ချက်ယောင်နေတာ....."ဒီကောင်လေး ဘယ်သူ့ကို ကိုကိုနေပါလိမ့်...."
တစ်ညလုံးနီးပားကားမောင်းလာရတဲ့ကိုက
မနက် ၉ နာရီလောက်ထဲကနိုးနေပေမယ့်
တစ်ညလုံးအိပ်ခဲ့တဲ့ Gunတစ်ယောက်ကတော့
အိပ်လို့ကောင်းတုန်း......."ညီ ထတော့လေကွာ
နေ့လည် ၁၂နာရီကျော်နေပြီ ဒီထက်ပိုအိပ်နေရင် ညထဲက ဘာမှမစားထားတော့ ဗိုက်အောင့်လိမ့်မယ်
ထတော့နော်....."Gunနိုးနေပေမယ့် တစ်အင်းအင်း တစ်အန်းအန်းလုပ်ကာ အိပ်ချင်ယောင်
ဆောင်နေဖြစ်သည်။သူများတွေလို နဖူးလေးနမ်းပြီး
နိုးရင် ကျွန်တော်ပျော်မိမှာပဲ....."ဒီကလေးကွာ အသည်းယားအောင်
သက်သက်မြူဆွယ်နေလား မသိ......"မနေ့ညထဲက ဝတ်ထားတဲ့ ဝတ်စုံကို
မလဲရသေးလို ဆံပင်တွေ
ပွစာကျဲနေတဲ့ ကောင်လေးက
ချစ်ဖို့ကောင်းလွန်းတာမို့ ဆံနွယ်တစ်ချို့ထက်
ခြွေချဖြစ်သော အနမ်းတစ်ပွင့်......ဒေါက် ဒေါက် ဒေါက်....
တံခါးခေါက်သံတစ်ချို့...."ဘာကိစ္စလဲ....."
Offအသံက အရမ်းလည်းမတင်းမာသလို
အရမ်းလည်းမပျော့ပျောင်းလှ...."အကိုလေး ဖုန်းလာနေလို့ပါ....."
"ဝင်လာခဲ့...."
ဖုန်းလာတယ်ဆို၍အလုပ်သမားကိုသာ
အပြစ်တင်ချင်မသည်။
ဖုန်းဆက်သူက တစ်ဦးတည်းသောညီလေး
Din...."ညီ ဖုန်းတွေဘာတွေဆက်လို့...."
"ဟုတ်တယ် P' Gunအကိုနဲ့ ခရီးထွက်သွားတယ်လို့ P'Singပြောတာနဲ့
ဆက်လိုက်တာ......"တစ်သက်လုံး ချစ်လာခဲ့ရတဲ့အကိုကို
သတိရလို့ဆက်တာမဟုတ်ဘဲ ချစ်သူဖြစ်တဲ့
Gunပါသွားလို့ အကို ကိုဖုန်းဆက်တဲ့ညီလေး
ဂရုစိုက်ရကြိုးနပ်တယ်ဆိုတာ....(◑_◑)"Gun က အိပ်နေတုန်းမို့ အကိုသွားနိုးပေးရမလား...."
ခေါင်းအုံးပေါ်အိပ်နေရာကနေ ကျွန်တော့်ပေါင်ပေါ်နေရာခေါင်းထားပြီး
ကျွန်တော့ခါးကို ဖက်ထားတဲ့ Gunက
ကြောင်ပေါက်လေးသဖွယ်......