Part-2(U)

1.1K 50 2
                                    

ရင်ဘတ်ထဲမှ မွန်းကြပ်ခြင်းသည်
လွင်ထီးခေါင်ပြင်ကိုမှ ဖိနပ်မပါပဲလျှောက်နေရသလိုပဲ
ပူလောင်လွန်းသည်....

Bangkok မြို့၏
အထပ်မြင့်အဆောက်အဦးတစ်ခုမှ
ရုံးခန်းငယ်လေးတွင်တော့....

ရက်စက်တယ် ဆိုသော
စကားတစ်ခုကို ဆိုရင်း
တစ်ရူံရူံငိုနေသော အဖြူရောင်ကောင်လေးတစ်ယောက်....

" Gun!!!မင်းငိုနေတာ ကို့အကျီ ၤမှာ
မျက်ရည်တွေကော နှာရည်တွေကော
စိုကုန်ပြီ "

ဖက်ထားသည့် Gunခန္တာကိုယ်လေးကို
ပိုတိုးဖက်ရင်း OFF စနောက်သလိုပြောလိုက်တော့
ငိုနေသည့်ကလေးက ပိုတိုးငိုလို့....

"P' နော်။ကျွန်တော်မျက်ရည်ပဲကြတာပါ
ဘယ်က နှာရည်မှမကျဘူး... "

OFF မျက်နှာကို မော့ကြည့်ရင်း
နူတ်ခမ်းလေးဆူကာ ရန်စကားဆိုနေပြန်သော
Gun က ဝမ်းနည်းမူတွေ မရှိတော့သူလိုပေါ့ပါးနေပြန်ရော.....

ချစ်ဖို့တွေ မကောင်းပြပါနဲ့လား ကလေးငယ်ရာ။
ကို မင်းကိုချစ်တဲ့အချစ်တွေ နှလုံးသားထဲမှာပဲ သိမ်းထားချင်တာမို့....

"မငိုတော့ဘူးမလား အခု
ကို အဝတ်လဲချင်လို့
အဲ့ဒါ... "

"ပြောလေ P'
အားမနာပါနဲ့"

" Dinကို ဆေးရုံသွားကြည့်ဖို့
ကို လိုက်ပို့ပေးမယ်
အခု ခဏလောက် ရုံးခန်းအပြင်မှာစောင့်နေပေးပါလား Gun "

" Krup "

♬♬♬♬ Cover♬♬♬♬

Papi Pov:

Gun!!
မင်းက ကို့ကိုချစ်နေတာတဲ့လား။
ကို မမျှော်လင့်ထားမိဘူး။
အဆုံးသတ်မှာ ကျန်ခဲ့ရမဲ့သူက
ကို ပဲဖြစ်ချင်ခဲ့တာ။
ဒါပေမယ့် အဆုံးသတ်ဆိုတာက
မင်းကိုပါ နာကျင်စေမယ်လို့
ကို မတွေးခဲ့မိဘူး။
ဟန်ဆောင်ခွင့်ပြုပါ ကလေးငယ်
အမှတ်တရ ဆိုတာတွေကြောင့်
မင်း နာကျင်ရမှာထက် စာရင်
ကို နဲ့ နှစ်ယောက်
ဘာပတ်သက်မူမှာ မရှိဘဲခွဲခွာနေတာက
ခံစားရသက်သာစေမယ် မလား......

"Sir!ဆေးရုံက ဖုန်းဆက်ပါတယ် "

အတွင်းရေးမူှး စကားသံကြောင့်
Papi အတွေး ရပ်ရင်း ရုံးခန်းပြင်သို့
ထွက်လာမိသည်။

C.o.v.e.r [Zawgyi+Unicode]Where stories live. Discover now