"Oi Ai Arthit!!! မြန်မြန်လုပ် မင့်အဘပဲ နောက်ကျတော့မယ်ဟ!"
ပွစိပွစိအော်ရင်း ရှေ့မှသုတ်ခြေတင်ပြေးသော Knot နောက်မှ Arthit ပြေးလိုက်လာခဲ့မိသည်။ သူ့အမည်က Arthit… တတိယနှစ် Engineer ကျောင်းသားတစ်ဦး။ ထို့အပြင် Head Hazer တစ်ဦး။ သူ့တွင် အားနည်းချက်ကြီးကြီးမားမားတစ်ခုရှိနေခဲ့သည်။ ထိုအားနားချက်က သူသည် မနက်စောစော ဘယ်တော့မှ မထနိုင်သော သူတစ်ယောက်။
"ညဘက်ကျရင် ဒီ Comics တွေနဲ့ Super hero movie ပဲကြည့်နေ သိလား!"
သူဆိုင်ကယ်စက်နှိုးပြီးထွက်လာသည့်တိုင် Knot ၏ ဗျစ်တောက်ဗျစ်တောက်ပွားနေမှုက မပြီးသေး။
"Hoy Knot! အခုမီတော့မှာပဲကို…"
သူတို့ကျောင်းထဲပြေးဝင်အလာ သူတို့၏ Engineering အဆောင်ခေါင်မိုးထက်တွင် ရပ်နေသည့် လူရိပ်ကြောင့် Arthit မျက်မှောင်ကြုတ်လိုက်မိသည်။ ပထမနှစ်များဘက်ခြမ်းဘက်တွင် ရပ်နေသည့် လူရိပ်ကို သူ စူးစိုက်ကြည့်ရင်း အစ်ကိုစီနီယာတို့၏ ဆရာလုပ်ချင်သည့် ဆန္ဒတို့က သူ့စိတ်ထဲတရိပ်ရိပ်တက်လာခဲ့သည်။
"အခုက အတန်းချိန်ရောက်နေပြီပဲ…"
သူ လက်မှနာရီကို ငုံ့ကြည့်လိုက်ရင်းပြောလိုက် မိခဲ့သည်။
"Knot မင်းအတန်းသွားနှင့်…"
Knot က သူ့ကို ဘာရှည်ဦးမလို့လဲဆိုသော အကြည့်ဖြင့် ကြည့်လိုက်သည်ကို သူရယ်ပြလိုက်ရင်း ပထမနှစ်ဘက်ခြမ်းမှ ကျောင်းခေါင်မိုးတွင် ရပ်နေသည့် လူရိပ်ကို မေးငေါ့ပြလိုက်မိသည်။ Knot ပခုံးနှစ်ဖက်တွန့်ရင်းသာ ခေါင်းညိတ်ပြပြီး သူ့အိတ်သူဆွဲကာ ထွက်သွားသည်နှင့် Arthit ၏ ခြေလှမ်းတို့သည် ကျောင်းခေါင်မိုးထပ်ဆီသို့။
သူ ထိုလူရိပ်ရပ်နေရာခေါင်မိုးထက်သို့ တက်သွားရသည့် အကြောင်းရင်း (၃) ချက် ရှိသည်။
၁။ ကျောင်းခေါင်မိုးထပ်သည် အမြဲသော့ပိတ်ထားလေ့ရှိပြီး ထိုခေါင်မိုးထပ်တံခါးသော့ကို ပိုင်ဆိုင်သည်က ကျောင်းစောင့်၊တာဝန်ကျကျောင်းဆရာ နှင့် Head Hazer… သူတို့သုံးဦးတွင်သာ ရှိသည်။ ထို့အတွက် ထို ရပ်နေသည့်သူသည် အခွင့်မရှိဘဲ ခေါင်မိုးထပ်တွင် ရှိနေခြင်းသည် သူတို့ကျောင်း၏ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း။
YOU ARE READING
My Dumb Senior and me(fanfic)
RomanceNot a fantasy fanfiction just want to write something normal... a normal love story ^^ enjoy