Part - 17

5.1K 513 60
                                    

Kongpob မြည်လာသည့်ဖုန်းသံကြောင့် သူ အိပ်နေရာမှ ထလိုက်မိသည်။ မနက်စောစောထတတ်သည့် သူ မနိုးခင်ပင် မြည်လာသော ဖုန်းသံက သူ့မွေးသမိခင်၏ ဖုန်းမှ မဟုတ်လျှင် မည်သူ့ဖုန်းဖြစ်ရမည်တဲ့လဲ။

“Mae… အခုမှ မနက်အစောကြီးရှိသေးတယ်လေ… ပြီးတော့ ဒီနေ့ပိတ်ရက်လေ…”

သူ အိပ်မှုံစုံဖွာအသံဖြင့် ထူးလိုက်တော့ သူ့အား ရယ်နေခဲ့သည့် သူ့ မိခင်။ သူ သက်ပြင်းချလိုက်မိသည်။

“Kong... ဒီနေ့ Mae နဲ့ Por သားကို လာတွေ့မလို့…”

“Khap!!!”

သူ ချက်ချင်းငေါက်ကနဲထထိုင်လိုက်ခဲ့မိသည်။ ဘယ်လိုဖြစ်လို့ သူ့ မိဘနှစ်ပါးလုံးက ဒီကိုရောက်လာမည်တဲ့လဲ။ သူ သက်ပြင်းချလိုက်မိသည်။ ပိုက်ဆံရှိသားသမီးများ ဖြစ်ရသည်လည်း လွယ်တော့မလွယ်လှ။ သူ့မိခင်က စိတ်မြန်လက်မြန်ရှိသူ။ သူမ လာမည်ဆိုလျှင် သူမက လမ်းပေါ်ရောက်နှင့် နေပြီးသား…

“သား အဆင်သင့်လုပ်ထားလိုက်မယ်…”

သူဖုန်းချပြီးသည်နှင့်ချက်ချင်း သူ့အခန်းကို ရှင်းလင်းလိုက်မိသည်။ သူတို့နှစ်ဦးလုံး ရောက်လာခြင်းက သွေးရိုးသားရိုးကိစ္စဖြစ်ပါစေဟုသာ သူ ဆုတောင်းသည်။ သူ နှင့် P Arthit ကိစ္စမဟုတ်ဖို့သာ လိုသည်။ သူ အခန်းရှင်းနေရင်းမှ သက်ပြင်းချလိုက်မိသည်။ မည်သည့်အချိန်မှစပြီး သူ P Arthit နှင့် ပတ်သက်လာလျှင် လေးနက်လာတတ်သည်လဲ။ သူ့အတွက်အချစ်ဆိုသည်က ပေါပေါပဲပဲ လွယ်လွယ်ရသည့် အရာတစ်ခုမဟုတ်လား။

သူ ဆယ့်လေးနှစ်အရွယ်တွင် သူ့အား Guide သင်ပေးသည့်ဆရာမ၏ သွေးဆောင်ခြင်းကို ခံခဲ့ရသည်။ လွန်လွန်ကျူးကျူးဖြစ်ရပ်များ ဖြစ်မလာခင် သူ့ မိခင်ဖြစ်သူ အချိန်မီသိကာ ရှင်းထုတ်ပေးခဲ့ရသည်။ ထို့နောက် သူ့အား ချစ်သည်ဆိုသော ကောင်မလေးများ။ များသောအားဖြင့် ထိုသူများသည် သူတို့၏ လိုအင်ဆန္ဒ သူ့သုံးဖြုန်းနိုင်သောငွေကြေး၊ သို့မဟုတ် ရုပ်ရည် သို့မဟုတ် ကျောင်း၏ အတော်ဆုံးကျောင်းသားတစ်ဦး၏ အရေးပါသောသူအဖြစ်နေနိုင်ခြင်းဆိုသည့် ဂုဏ်… သူ့ ဘဝတွင် အချစ်ဆိုသည်က လူတိုင်းသည် မိမိတို့ လိုချင်သည့်အရာတစ်ခုအား ရယူနိုင်ရန် ခပ်ပေါ့ပေါ့ပြောသည့် ပေါ့ရွှတ်ရွှတ်စကားတစ်ခု။

My Dumb Senior and me(fanfic)Donde viven las historias. Descúbrelo ahora