Arthit သူ ကြံရာမရတော့… သူ စဉ်းစား၍ရသမျှလည်း ပူထူနေခဲ့သော်လည်း Kongpob သည် သူ့အား ယခုကဲ့သို့ ပြုမူဆက်ဆံရသည့် အဖြေကို သူ ရှာမတွေ့နိုင်သေး။ ယနေ့ Fresh Men Game ၏ Basket Ball Final ပွဲစဉ်သို့ သူတို့ Hazer များသွားရောက်ကြည့်ဖြစ်ခဲ့သည်။ အဓိကက သူ့ကြောင့် သူ့ရစ်ကြောထူမှုကြောင့် ကျန်လေးယောက်မှာ အီလည်လည်ဖြင့် လိုက်လာရခြင်း။
"မင်းကလည်း Final တက်တာနဲ့ပဲ လာကြည့်ရရောလား…"
"Senior တွေက Junior တွေကိုအားပေးသင့်တယ်လေ"
Toota ၏ မကျေမနပ်ဖြင့် ခပ်အုတ်အုတ်အော်လိုက်သံ ထို့အပြင် တစ်ဆက်တည်း ဆင်ခြေ ပေး လာသည့် Arthit ကို Toota မျက်စောင်းထိုးလိုက်သေး။ 'သူ့ 0062 ကို လာကြည့်ချင်တာများ' Toota စိတ်ထဲမှသာ ပွစိပွစိ ရေရွတ်လိုက်ခဲ့မိသည်။ မိမိတို့ Engineering Faculty ကို အားပေးနေကြသည့် ပထမနှစ်များ ဝင်ပေါက်မှ Third Year Hazer များ ဝင်လာသည်ကို မြင်ချိန်တွင် ကြောင်အကာ အားပေးမှုများ ရပ်တန့်သွားခဲ့သည်။ သူတို့ရပ်တန့်သွားတော့ တစ်ဖက် Faculty မှ အားပေးနေသူများပါ ဘာမှန်းညာမှန်းမသိ ကြောင်အကာ ရပ်တန့်သွားခဲ့ကြသည်။ ရုတ်ချည်း ငြိမ်ကျသွားသော အသံများကြောင့် ကစားသမားများပါ ရုတ်တရက် ငြိမ်သက်သွားမှုအကြောင်းရင်းကို ရှာလိုက်တော့ ကြက်သွေးရောင် Shirt ကိုယ်စီဖြင့် Senior ငါးဦး။
Engineering Faculty ၏ ဝက်ဝက်ကွဲအားပေးသံသည် ကစားရုံအမိုးပွင့်လုမတတ် ဟိန်းထွက်လာခဲ့သည်။ Senior များလာရောက်ခြင်း၊ အထူးသဖြင့် သူတို့အား တစ်ချိန်လုံး အပြစ်ပေး မကောင်းပြောနေသည့် Senior များ သူတို့အပေါ်အသိအမှတ်ပြုရန် ကစားပြချင်သည့် စိတ်အားထက်သန်မှုသည် ကစားသမားများထံသို့ စီးဝင်လာခဲ့သည်။
Aim ထို Hazer များကို မြင်သည်နှင့် Kongpob အား မျက်စပစ်ပြလာတော့ Kongpob ခပ်တည်တည်သာ Arthit ဘက်တစ်ချက်သာ လှည့်ကြည့်ပြီး သူတို့ ကစားပွဲတွင်သာ အာရုံစိုက်လိုက်မိခဲ့သည်။ သူ Arthit အား သူတို့ ပထမနှစ်များသည် Fresh Men Game တွင် ပထမဆုကို ခူးဆွတ်ပေးမည်ဟု ပြောထားခဲ့ပြီးသား မဟုတ်ပါလား။ သူ့မျက်နှာထက်မှ Arthit ရောက်လာသည်နှင့် ကျေနပ်ပြုံးတစ်ခု ဖြစ်ပေါ်ခဲ့သည်ကိုတော့ Arthit မမြင်နိုင်ခဲ့။
YOU ARE READING
My Dumb Senior and me(fanfic)
RomanceNot a fantasy fanfiction just want to write something normal... a normal love story ^^ enjoy