ကျောင်းသားများသည် ကျောင်းခေါင်မိုးပေါ်သို့ တက်ခွင့်မရှိ။ သူ့ခြေလှမ်းများကတော့ ထို ကျောင်းခေါင်မိုးထပ်ထံသို့ သူ တံခါးအပေါ်ဘက်မှ မှန်ထဲမှ အလျင်ချောင်းကြည့်လိုက်မိသည်။ မည်သူမျှရှိမနေ ထို့အပြင် တံခါးကို သူ ဖွင့်ကြည့်တော့ တံခါးသည်လည်း ပိတ်ထားဆဲ။ Arthit ကျေနပ်စွာ ပြုံးလိုက်မိသည်။ Kongpob သည် လိမ်လိမ်မာမာ စာသင်ခန်းထဲတွင် ရှိနေသည်ပေါ့။
“P… Ar…thit…”
သူ့အား ရုတ်တရက်အနောက်မှ ဖက်လိုက်သူကြောင့် သူ မော့ကြည့်လိုက်တော့ သူ့အား ပြုံးကာကြည့်နေသည့် ပထမနှစ်။ ထိုပထမနှစ်အမည်က Kongpob သူတို့ တက္ကသိုလ်၏ အသစ်စက်စက် Campus Moon နှစ်လိုဖွယ်ကောင်းသော အပြုံးတစ်ပွင့်ဖြင့် သူ့အား ကြည့်နေသည့် ထို ကောင်လေးသည် သူ့ကို ချစ်သည် ဖွင့်ဟဝန်ခံထားသည့်သူ။ သူ ထိုသို့ Kongpob သူ့အား ချစ်သည်ဟု ပြောထားသည်ကို သတိရတိုင်း သူ့မျက်နှာသည် ရဲသွားတတ်မြဲ။ ယခုလည်း သူ မျက်နှာသည် အနည်းငယ် နီစပ်စပ်ဖြစ်လာခဲ့သည်။
“မင်း အတန်းထဲ မရှိပြန်ဘူး…”
သူ မှုန်ကုတ်ကုတ်ပြောတော့ တွန့်ချိုးထားသည့် သူ့ မျက်ခုံးနှစ်ဖက်ကို လက်တစ်ဖက်ဖြင့် ပြေလျော့အောင် Kongpob လုပ်လိုက်ရင်း…
“P အဲ့လောက်တောင် မျက်မှောင်ကြုတ်ရင် နဖူးမှာ အရေးအကြောင်းတွေ ထင်လာတော့မယ်…”
“ဘယ်သူ့ကြောင့် ငါက အဲ့လို မျက်မှောင်ကြုတ်နေရတယ်ထင်လို့လဲ!”
သူ အော်လိုက်တော့ Kongpob ရယ်လာခဲ့သည်။ သူ Kongpob ၏ ရယ်သံများကို နှစ်သက်သည်။ သူ Kongpob ကို မည်မျှကြာကြာငေးကြည့်နေမိမှန်းမသိ။ သူ့ မျက်နှာနှင့် အလွန်နီးကပ်လာသည့် Kongpob ကြောင့် သူ လန့်သွားမိသည်။
“P ဘာတွေဒီလောက်ကြည့်နေတာလဲ…”
“ဘာ… ဘာကြည့်လို့လဲ…”
သူ သူ့အား ဖက်ထားသည့် Kongpob လက်တို့ကို တွန်းထုတ်လိုက်ရင်း ထိုနေရာမှ ထွက်သွားရန် ပြင်လိုက်မိသည်။ Kongpob ကျောင်းစည်းကမ်းကို မဖောက်ဖျက်ဘူးဆိုသည်ကို သိရလျှင် သူ့ အတွက်လုံလောက်နေပြီမဟုတ်လား။ ထိုနေရာတွင် ဆက်ရှိဖို့မှ မလိုတော့ပဲ။
YOU ARE READING
My Dumb Senior and me(fanfic)
RomanceNot a fantasy fanfiction just want to write something normal... a normal love story ^^ enjoy