Part - 19

5K 502 93
                                    

Arthit Library ထဲတွင် စာအုပ်များကိုရှာဖွေမွှေနောက်နေခဲ့သည်။ သူ လိုအပ်သည့်စာအုပ်များရတော့မှ သူ ထိုင်ရန် နေရာယူထားသည့်ခုံတွင်ထိုင်လိုက်ရင်း သူတို့ ပထမနှစ်ဝက်စာမေးပွဲအတွက် လိုအပ်သည်များကို သူ လေ့လာနေမိသည်။ စာအုပ်ကိုသာ သူ လှန်နေသော်လည်း သူ့စိတ်တို့က စာထဲတွင်စိတ်မရှိခဲ့။ သူ့ ခေါင်းထဲတွင် Perm ပြောသော စကားတို့သာ ကြီးစိုးလျက်။ သူနှင့် Kongpob… သူ သက်ပြင်းချလိုက်မိသည်။ ချစ်သည်ဆိုသည့် စကားတစ်ခွန်းက ပြောဖို့ ထိုမျှထိ ခက်သလား။ ဒါမှမဟုတ်… သူ တစ်ယောက်အတွက်သာ ထိုမျှထိ ခက်ခဲနေခြင်းလား။ သူ သက်ပြင်းမောနောက်တစ်ချက်ချလိုက်မိပြန်သည်။

“P Arthit… အဲ့လောက်တောင် သက်ပြင်းတွေချနေရင် P တော့ အသက်တိုတော့မှာပဲ…”

သူ့အနောက်နားမှ သူ့ခေါင်းပေါ်မေးတင်ရင်းပြောလာသူ အသံကြောင့် သူ မျက်နှာရဲသွားမိသည်။ ဒီကောင် Kongpob က Library မှာဒီလို လာနေတာ သူများတွေမြင်ရင် သူ ဘယ်လိုလုပ်မလဲ… သူက Campus Moon ကို…။ သူ့ခေါင်းအား Kongpob မေးစေ့နှင့်ဆောင့်ချလိုက်တော့ နာကျင်မှုကြောင့် အသံခပ်အုတ်အုတ်သာ အော်ပြီး မေးစေ့ကိုထိုင်ပွတ်နေသည့် Kongpob သူ ရယ်ချင်သော်လည်း သိပ်မရယ်ရဲ။ မတော်တစ်ယောက်ယောက်ကြားပြီး သူတို့ဘက်လာမှဖြင့်…

“Hoy… P… တကယ်ပါပဲ… နာတယ်…”

သူ့မေးစေ့သူ ကိုင်လိုက်ရင်း သူ့ ဘေးခုံတွင် ဝင်ထိုင်သည့် Kongpob ကို သူ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ရင်း အာရုံမရသည့်စာကို အာရုံရချင်ဟန်ဆောင်နေခဲ့မိသည်။ သူ့အား ပြုံးပြုံးကြီး ကြည့်နေသည့် Kongpob ကြောင့် သူ ကြာကြာတော့ ဟန်မဆောင်နိုင်ခဲ့။ ဖတ်လိုက်စ စာအုပ်ကို သူ ပိတ်လိုက်ရင်း… သူ့ကို ကြည့်နေသည့် Kongpob ကို မျက်စောင်းထိုးလိုက်မိသည်။

“နေပါဦး မင်းက ဘာလို့ ဒီကို ရောက်လာတာလဲ…”

“ကျွန်တော် P Perm နဲ့ P နဲ့စကားပြောနေတာမြင်တယ်…”

Kongpob ၏ မျက်လုံးညိုများက အလိုမကျမှုတစ်ခုကြောင့် တောက်ပနေသည်ဟု သူ ခံစားရသည်။ သို့သော် Kongpob ဘာကို ဆိုလိုမှန်း သူ မသိ၍ ငြိမ်နေမိဆဲ။

My Dumb Senior and me(fanfic)Where stories live. Discover now