"တစ်ပတ်ဆိုတဲ့အချိန်က မနည်းလွန်းဘူးလား!"
Arthit အသံလာရာဘက်ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်ရမိပြန်သည်။ ထို ထောင့်မကျိုးသည့် နှာဘူးကောင် ပထမနှစ်က သူ့ကိုများ ဘယ်အငြိုးနှင့်များ ယခုလို ဒုက္ခပေးရန်ကြံစည်နေ သည်လဲ။
"မင်းတို့စကားပြောချင်တယ်ဆိုရင် ကိုယ့် ID no. နဲ့ ကိုယ့်ရဲ့ နာမည်ကို ပြောပြီးမှ စကားပြောခွင့်ပြုမယ်…"
"ID 0062, Kongpob စကားပြောခွင့်တောင်းခံပါတယ်!"
Arthit ပြန်ပြောလာသည့် ထို Junior ကို မကြည်သလိုတစ်ချက်ကြည့်လိုက်မိခဲ့သည်။ ထိုသို့ခွင့်တောင်းလာမှတော့ သူက ခွင့်မပြု၍ရမည်တဲ့လား။ 'နေပါဦး ဒီကောင်လေး ငါ့ကို ကြိုက်နေတာလား? စတွေ့တွေ့ချင်းလည်း ငါ့ကို နမ်း……' Arthit သူ့အတွေးကိုသူ မဆက်နိုင်တော့ သူ့မျက်နှာက ရဲကနဲ။ Kongpob ကတော့ သူ့အား မည်သည့် စကားမှ မဆိုဘဲ မျက်နှာအရောင်ပေါင်းစုံပြောင်းလဲနေသည့် Senior ကိုသာ ကြည့်လိုက်မိသည်။ သူ့နှုတ်ခမ်းပါးတို့က ကျေနပ်မှုဖြင့် ကော့ညွတ်နေခဲ့သည်။ ထို Senior အား အချိန်တိုလေးအတွင်းတွင်ပင် သူ ယခုလောက်ထိ ဖမ်းစားနိုင်ပြီလား။
"ပြော!"
ဆောင့်ဆောင့်အောင့်အောင့် ထွက်လာသည့် အသံကြောင့် Kongpob မပြုံးဘဲမနေနိုင်။ သူ့ကို တစ်ချက်လေးပင်မကြည့်ဘဲ အလိုမကျစွာ မျက်နှာကို စူပုတ်ထားသော Head Hazer သည် သူ့အား အသဲယားအောင် လုပ်လွန်းသည်ဟု သူ တွေးလိုက်မိသည်။ 'ကြံစမ်း Kongpob ကြံစမ်း သူ့စိတ်ထဲ တစ်ခါတည်းနဲ့ နေရာရအောင်ဘယ်လိုလုပ်မလဲ!' သူ စိတ်ထဲမှ ကြိတ်တွေးနေခဲ့မိသည်။ ထို Senior ၏ စိတ်ထဲတွင် သူတစ်ဦးတည်းသာ နေရာယူချင်သည်။ အကယ်၍ ထို Senior ထံတွင် လက်ရှိတွဲနေသူ ရှိလည်း ထိုသူဖြင့် ပြတ်သွားအောင် ဝင်ဖြတ်ဖို့ သူ ဝန်မလေးမိ။ အချစ်နှင့်စစ်တွင် မတရားမရှိ ဆိုသော စကားက အလကားပေါ်လာသည်မှ မဟုတ်ဘဲ။
သူဆိုသည်လေးက အပြင်ပန်းတွင် သဘောထားကြီးတတ်သလိုလိုနှင့် လိုချင်သည်ကို ရအောင်ယူတတ်သူလေး။"အဟမ်း! ID 0062 Kongpob စကားပြောဖို့ ခွင့်တောင်းပါတယ်!!"
မျက်နှာကြီးရဲကာ ခေါင်းငုံ့နေသည့် Senior သူ့အားတစ်ခုခုတုံ့ပြန်ရန် သူ ထပ်အော်လိုက်တော့ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း သူ့ထံလွင့်လာသည့် မျက်စောင်းတစ်ခု။ Kongpob ရယ်ချင်စိတ်ကို ထိန်းလိုက်မိခဲ့သည်။
YOU ARE READING
My Dumb Senior and me(fanfic)
RomanceNot a fantasy fanfiction just want to write something normal... a normal love story ^^ enjoy