Arthit သုတ်သီးသုတ်ပျာ ထွက်သွားရသော Kongpob ကို ကြောင်အစွာ ကြည့်ရင်းကျန်ခဲ့မိသည်။ Kongpob မျက်နှာက ဘာကြောင့် ထိုသို့ဖြစ်သွားရသည်လဲ။ သူတို့ ပြန်အဆင်ပြေသွားကြပြန်ပြီမဟုတ်ဘူးလား။ ဘာကြောင့် Kongpob က မအီမသာ မျက်နှာမျိုးဖြင့် ထွက်သွားရပြန်တာလဲ။ သူ အမှားတစ်ခုခု လုပ်လိုက်မိလို့လား။ သူ့ဘဝတွင် Kongpob သည် သူ့အား အသစ်ဆန်းဆုံးသော ခံစားမှုပေါင်းစုံကို ပေးနိုင်လွန်းသော တစ်ဦးတည်းသောသူ။
Kongpob သည် ဘာကြောင့်… Arthit စိတ်ရှုပ်ရှုပ်ဖြင့် သူ Moon Contest ကျင်းပရာ ခန်းမဘက်သို့သာ ဦးတည်လိုက်ခဲ့မိသည်။ သူ့ ရင်ခုန်သံတို့က လှိုက်ဖိုနေဆဲ။ သူတို့ အဝတ်လဲခန်းထဲမှ အကြောင်းကို စဉ်းစားမိတိုင်း သူ့ ရင်တစ်ခုလုံးသည် သူ ပူနွေးရှတလာမိဆဲ။
သို့သော် သူ Kongpob အကြောင်းတွေးမိတိုင်း သူ့ ဗိုက်ထဲတွင်တော့ အကောင်ပေါင်းများစွာက ဟိုတိုးဒီတိုးလုပ်နေသလို သူ အတော်လေး မအီမသာဖြစ်မိသည်။ ဘယ်လိုခံစားချက်ကြီးမှန်းမသိ။ သို့သော်လည်း ထိုခံစားချက်ကို သူ နှစ်သက်သည်။ Kongpob ကြောင့် ဖြစ်လာသော ခံစားချက်မျိုးစုံကို သူ နှစ်သက်သည်။ သူ အခန်းတစ်ခုရှေ့မှအဖြတ်… အသံတစ်ခုကြောင့် သူ ဘာရယ်မဟုတ် ဟထားသော တံခါးကြားကို ကြည့်လိုက်မိခဲ့သည်။ သူ့မြင်လိုက်ရသည့် ထိုမြင်ကွင်းက သူ့အား အံ့အားသင့်စေသည်။
“P Perm… ဖယ်ဆို!!!”
Perm ကို အတင်းတွန်းထုတ်နေသော ကောင်လေး၏ စကားသံနှင့် လက်တို့သည် အားမပါခဲ့။ Perm နှင့် ထိုကောင်လေးတို့၏ မျက်နှာပူချင်စရာ မြင်ကွင်းကြောင့် Arthit တံတွေးပင်သီးချသွားခဲ့သည်။
“အဟွတ်!!!”
ချောင်းသံကြောင့် Perm နှင့် ထိုပထမနှစ်ကောင်လေး နှစ်ဦးလုံး တံခါးဝဘက်လှည့်လာတော့ လန့်ကာ ဖင်ထိုင်လျက် ပြုတ်ကျနေခဲ့သည့် Arthit!
“ငါ… ငါ ချောင်းကြည့်ဖို့မရည်ရွယ်ဘူး…”
“အ! Oi Wad… ဒါက Arthit ပါဟ ဘာမှမဖြစ်ပါဘူး…”
Perm သူ့အား လှမ်းရိုက်သော Wad လက်ကို လှမ်းဆွဲရင်း Arthit ဘက်လှည့်လိုက်မိသည်။
YOU ARE READING
My Dumb Senior and me(fanfic)
RomanceNot a fantasy fanfiction just want to write something normal... a normal love story ^^ enjoy