သူတို့လေးဦး စာအုပ်တစ်အုပ်ကိုင်နေသည့် Arthit ကို မမှိတ်မသုန်ကြည့်နေခဲ့သည်။ Toota စိတ်အလိုမကျမှုကို နည်းနည်းလေးမှ သည်းမခံနိုင်တော့။ သိချင်စိတ်ရော အလိုမကျမှုပါ သူ့စိတ်ထဲ ရောနှောနေခဲ့သည်။ ဘာကိစ္စနဲ့ သူတို့ရဲ့ အဖိုးတန်သမီးလေးက Greeting Methods ဆိုသည့် စာအုပ်ကို ကိုင်ဖတ်နေရတာလဲ။ သူက ဘယ်သူ့ကို သွားနှုတ်ဆက်မှာမို့လဲ။ နေပါဦး… ဟိုပထမနှစ်က သူ့အိမ်ပါ ခေါ်သွားတော့မှာလား… ငါတို့က အခုမှ ပထမနှစ်ဝက်တောင် ဖြေခါနီးလေးရှိသေးတာ။
“Ai Arthit…”
မည်သူမျှ အသံမထွက်ပဲ လက်ထောက်ကြည့်နေကြသည်ကို မခံစားနိုင်တော့သည့် Bright က အလျင်ဦးအောင် ခေါ်လိုက်မိသည်။ ယခုလို နေရသည်ကို သူ မုန်းသည်။ ဘာလို့အကုန်လုံးက တိတ်ဆိတ်နေကြမှန်းမသိ။ သိချင်လျှင် သိချင်သည့်စကားကို မေးလိုက်လို့ရနေသည်ပဲကို။ လူအကောင်လိုက်ကြီးက သူတို့ရှေ့မှာ ထိုင်နေသည်မဟုတ်ဘူးလား။
“အင်း Bright…”
စာအုပ်လေးလက်ကချရင်း ပုံမှန်သာ ပြန်ထူးသော Arthit ကို Bright အကဲခတ်လိုက်မိသည်။ Arthit ပုံက မူမမှန်တာမရှိ။ ထိုစာအုပ်ကြီးဖတ်နေသည်ကလွဲလျှင် အကုန်လုံးက ပုံမှန်ပါပဲလေ။
“အဲ့စာအုပ်က ဘာလို့ဖတ်နေတာလဲ…”
သူ ထိုစာအုပ်ကို လက်ညှိုးထိုးရင်း မေးလိုက်တော့ Arthit သူ့လက်ထဲမှစာအုပ်ကို ငုံ့ကြည့်လိုက်ရင်း ပြုံးဖြီးဖြီးဖြင့်…
“ဒါ ငါ Kongpob အိမ်ကို ဒီပိတ်ရက်သွားလည်မလို့… အဲ့ဒါ… သူ့အိမ်ရောက်ရင်လူကြီးတွေကို ရိုင်းသလို ဖြစ်နေမှာစိုးလို့… Kongpob တို့အိမ်က နည်းနည်းအရှိန်အဝါရှိတယ်ဆိုတော့လေ…”
“ဘာ!!!!!”
Toota ၏ အသံက Cafeteria ထဲဟိန်းထွက်လာသဖြင့် အခြားဝိုင်းမှ ကျောင်းသားများပါ သူတို့ကို လှည့်ကြည့်လာသဖြင့် Knot မနေနိုင်တော့စွာ Toota ပါးစပ်ကိုပိတ်လိုက်မိသည်။ Perm နှင့် Bright က သူတို့ကြားလိုက်သည့် စကားက မှန်ပါရဲ့လားဆိုသည်ကို တစ်ယောက်မျက်နှာတစ်ယောက်ကြည့် ဆန်းစစ်လိုက်မိကြသည်။
“ဘာ… ဘာဖြစ်လို့လဲ Toota…”
Toota… သူ့ရှေ့မှ Arthit ကို ဆူမည့်ဟန်ပြင်နေစဉ် သူ့မျက်လုံးထဲ ရိပ်ကနဲ ဝင်လာသည့် ပထမနှစ်အုပ်စု။ သူ လှမ်းအော်လိုက်မိသည်။
YOU ARE READING
My Dumb Senior and me(fanfic)
RomanceNot a fantasy fanfiction just want to write something normal... a normal love story ^^ enjoy