Extra

8.3K 566 120
                                    

"ငါ စိတ်တအားရှုပ်လာပြီ!…"

Kongpob မျက်နှာသုန်မှုန်နေခဲ့ရာမှ ထအော်လိုက်တော့ အတန်းထဲမှ ကျောင်းသားအချို့၏ စူးစမ်းသော အကြည့်များက သူတို့ ငါးယောက်အုပ်စုလေးထံ ဝဲပျံလာခဲ့သည်။

"Hoy! ရှူး…… အတန်းထဲမှာ လာအော်နေတယ်…"

Aim အသံတိုးတိုးဖြင့် သတိပေးလိုက်သလို Tew နှင့် Oak ကတော့ Kongpob အား မပြောလိုတော့ပါ ဆိုသော မျက်နှာဖြင့်သာ ကြည့်လိုက်မိသည်။ Wad ကတော့ သူ့ထုံးစံအတိုင်း သီချင်းဖွင့်ထားလား မဖွင့်ထားလား မသိသည့် နားကြပ်နှစ်ဖက်လုံးအား နားတွင်ထည့်ထားခဲ့သည်။

"Wad!!"

Kongpob မေးထောက်ကိုယ်နှင့်မဆိုင်သလို အရာရာကို ဥပက္ခာပြုကာ ကိုယ့်ကမ္ဘာနှင့်ကိုယ် (သူ့ကမ္ဘာထဲတွင် Perm တော့ပါသည်) နေစိမ့်လွန်းသော Wad ကို စိတ်မရှည်စွာ နားကြပ်ဆွဲဖြုတ်လိုက်တော့မှ ကိုယ်တော်ချော၏ အလိုမကျသော မျက်စောင်းတစ်ချက်က သူ့ထံ ဒိုင်းကနဲ ရောက်လာသည်။ အမယ် ဒါတောင် ဒင်းက မေးထောက်မပျက်သေး။

"ပြောကြည့်…… နားထောင်ပေးမယ် သီချင်းတစ်ပုဒ်စာအချိန်ပေးမယ် အကျိုးမရှိရင် ငါ P Perm နဲ့ပဲအတန်းလစ်တော့မယ်……"

Wad စကားကြောင့် Kongpob မျက်နှာပို ပုတ်သိုးသွားခဲ့သည်။ အတန်းထဲရှိသူများကတော့ Kongpob ၏ ထိုသို့သော ပုံစံကို မမြင်ဖူးသဖြင့် အံ့အားသင့်သူများက အံ့အားသင့်နေမိကြသည်။ Campus Moon ထို့အပြင် Scholar ကျောင်းသား ဖြစ်သည့်အလျောက် Kongpob သည် မိမိ Image ကို အလွန်ထိန်းသည်။ မည်သည့်အခြေအနေတွင်မဆို လူရှေ့တွင် တစ်စက်ကလေးမှ စိတ်တို စိတ်ရှုပ်သည့် ပုံစံမပြ။ မိမိမျက်နှာထက်တွင် ချိုမြိန်သော အပြုံးတစ်ပွင့်ကိုသာ မျက်နှာဖုံးတစ်ခုလို တပ်ဆင်ထားတတ်သူ။

"ငါ P Arthit နဲ့ ရန်ဖြစ်ထားတယ်!"

Wad မျက်ခုံးတစ်ချက်ပင့်သွားရုံသာ သူ့စကားက စွမ်းဆောင်နိုင်ခဲ့သည်။ Aim, Tew နှင့် Oak တို့ကတော့ ပါးစပ်အဟောင်းသား။ Kongpob တို့ သူငယ်ချင်းအုပ်စုလေးတစ်ခုလုံးသည် အခွင့်အရေးသမား Campus Moon နှင့် အချစ်နှင့်ပတ်သက်လာလျှင် ထို အခွင့်အရေးသမားကောင်အား ပါးစပ်ပိတ်သွားနိုင်အောင် တတ်စွမ်းနိုင်သော အူတူတူ Head Hazer ကြီး၏ Love Story ကို သူတို့ အူတက်မတတ် ကြိတ်ခွီ အဲ ကြိတ်ရယ်မိကြသည်အထိ စောင့်ကြည့်ခဲ့ကြသည်။ သူတို့ အမောင် Kongpob က သူတို့အား ဖွင့်ပြောလာသည်အထိ သူတို့ ကြိတ်ခွီခြင်းသာ ပြုလုပ်ခဲ့ကြသည်။

My Dumb Senior and me(fanfic)Where stories live. Discover now