Part - 21

5.1K 500 89
                                    

Kongpob အတွက် ကံပဲကောင်းသည်လား။ ကံပဲဆိုးသည်လည်းတော့မသိ။ သူ ယခု Arthit ၏ အိမ်သို့ ရောက်လာခဲ့သည်။

“Kongpob ခနစောင့် ငါ အဝတ်တွေ သွားယူပေးလိုက်ဦးမယ်…”

သူယခုကဲ့သို့ Arthit အိမ်သို့ရောက်နေသည့် အကြောင်းရင်းက…

“P Arthit?…”

“Mae… Mae… က…”

“Hoy! Arthit စိတ်ထိန်း… မင်း Mae ဘာမှမဖြစ်ပါဘူး… အခု မင်း Por ကိုယ်တိုင်ဖုန်းဆက်တာလေ… ဘာမှမဖြစ်ဘူး…”

“ဒါပေမဲ့ Perm…”

သူ့ P Arthit မျက်နှာတစ်ခုလုံးက သွေးဆုတ်ဖြူလျော့ရှိပြီး စိတ်နှင့်လူနှင့်မကပ်မှန်း သိသာလွန်းလှသည်။ ဆိုင်ကယ်သော့ကိုင်ထားသည့် လက်ပင် တုန်ခါလွန်းနေ၍ လက်ထဲရှိ ဆိုင်ကယ်သော့ကိုပင် မြဲမြံအောင် မကိုင်နိုင်ခဲ့။ ပြုတ်ကျသွားသော ဆိုင်ကယ်သော့ကို သူ ကောက်ရင်း Arthit နှင့် Perm ကို ပြုံးပြလိုက်မိသည်။ သူ့အား ပြန်ပြုံးပြလာသည့် Perm… Arthit မှာ သူ့ကိုမြင်ပုံမရ။ သူ့ P Arthit က ဘာဖြစ်နေတာလဲ…?

“P Perm Khap… P Arthit… ဘာဖြစ်လို့လဲ… နေမကောင်းလို့လား”

သူ Arthit ကိုသာ ကြည့်ရင်းမေးလိုက်မိသည်။ Perm နှင့် Arthit သည် Wad ပြောသဖြင့် အတူတူကြီးပြင်းလာသည့် သူများမှန်း သူ သိသော်လည်း သူ့စိတ်ကိုက သူ့ P Arthit နှင့် အခြားသူတစ်ဦး နီးနီးကပ်ကပ်နေလျှင်ကို သဘောကျခြင်းမရှိ။

“သြော်… Nong… Arthit ကိုသူ့Por ကဖုန်းဆက်လို့… သူ့ Mae ဆေးရုံမှာမို့ လာခဲ့ပါဆိုပြီး… သူ့ Mae ဆေးရုံရောက်နေတာပဲ သိရသေးတယ်… အဲ့ဒါကို အဲ့လိုဖြစ်နေတာပဲ…”

“Khap… အခု ဆေးရုံသွားမလို့လား”

“အင်း ဒီကောင်မောင်းလို့လည်း မဖြစ်ပါဘူး… ငါ လိုက်ပို့…”

Perm ပါးစပ်က စကားမဆုံးသေး။ Arthit ကို သူ့ဘက်နီးအောင် သိသိသာသာဆွဲကပ်လိုက်သည့်အပြင် သူ့အား ရေခဲရိုက်အပြုံးတို့ဖြင့် ပြုံးကြည့်လာခဲ့သော သူတို့ကျောင်းမှ ကောင်မလေးများ သဲသဲလှုပ်လှပါချည်ရဲ့ ဆိုသော Campus Moon ကလေး။

Oi… Oi Nong Kong ငါ က သူ့ သူငယ်ချင်းအရင်းကြီးပါ အတင်းကြီး ထိုးကျွေးရင်တောင် အဲ့ ငအူကို စိတ်နဲ့တောင်မပစ်မှားပါဘူး…။ Perm သူ့စိတ်ထဲတွင်သာ ရေရွတ်ရင်း… Kongpob ကို ကြည့်လိုက်မိသည်။ Kongpob မျက်နှာက သူ လိုက်ပို့မည်ကို သိပ်ပြီး သဘောကျပုံမပေါ်။ သူ Kongpob နှင့်သာ လွှတ်ပေးသင့်လိုက်သည်လား။ ထို Suthiluck အိမ်သည် သံသယများလွန်းသောအိမ်။

My Dumb Senior and me(fanfic)Where stories live. Discover now