Part - 10

5.7K 534 130
                                    

"အခုတလော Arthit နေရောကောင်းရဲ့လား?"

ထိုစကားကိုစပြောသူက Perm... ကျန်သုံးယောက် Perm ကို မျက်လုံးပြူးများဖြင့်ကြည့်လာတော့ Perm တွန့်ကနဲဖြစ်သွားမိသည်။ သူ့စကားက အမှားများပါလို့လား?

"ဒါ ငါ မဲပေါက်မဲ့လက္ခဏာပဲ ငါ မနေ့က ငါဆော့နေတဲ့ ဂိမ်းမှာ Limited Edition Figure လေး ကံစမ်းထားတယ်......"

Toota ပခုံးအား ဖက်လိုက်ရင်း Bright ပြောတော့ Perm မျက်မှောင်ကြုတ်လိုက်မိသည်။ Knot ကတော့ သူနှင့်မဆိုင်သလို Library သွားရာမှ ပြန်မလာသေးသည့် Arthit သည် လမ်းတွင် ပထမနှစ်တစ်ကောင်ကောင်၏ ပြန်ပေးဆွဲများခံခဲ့ရသည်လားဟု တွေးနေမိခဲ့သည်။ Arthit အား ပြန်ပေးဆွဲမည့် ထိုပထမနှစ်သည် ID 0062 Kongpob မှလွဲ၍မည်သူမျှ မဖြစ်နိုင်။

"ငါပြောတာ ဘာမှားလို့လဲ..."

Perm သူ့စကားနှင့်သူ မလုံမလဲ ဖြစ်ကာ ပြန်မေးလိုက်ခဲ့မိသည်။

"မင်းလို ရန်ဖြစ်ဖို့ပဲ သိတဲ့ကောင်တောင် Arthit ထူးခြားနေတာကို သိတယ်... ပြောချင်တာက အခု ဒီကောင်ထူးခြားတာက သိသိသာသာကို ဖြစ်နေတာ..."

"သူ ရည်းစားရနေတယ်လို့ထင်လား?"

Knot စကားကြောင့် သူတို့သုံးဦးလုံး Knot ဘက်ကို ဆတ်ကနဲကြည့်လိုက်ကြတော့ Knot က ခပ်တည်တည်ဖြင့်...

"သူ့ကို တစ်ယောက်ယောက်က လိုက်နေတယ်ဆိုရင် ပိုမှန်မလား..."

"Ah!!!! ဒါက ငါထင်နေတဲ့ 0062 လေးများလား"

Toota မျက်နှာက မိမိသမီးလင်ကောင်းသားကောင်းနှင့်တွေ့သည့် မျက်နှာမျိုးဖြစ်နေသဖြင့် အနီးရှိ Bright မှာ ကြက်သီးထသွားဟန်ဖြင့် သူ့လက်မောင်းများကို သူ ပွတ်နေခဲ့မိသည်။

"Ai Toota မင်း Arthit ကို ယောကျာ်းပေးစားချင်နေမှန်း ငါမသိခဲ့ဘူး..."

"Hoy!!!"

Toota စိတ်တိုတိုဖြင့် Bright လက်မောင်းကို ထိုးလိုက်တော့ Bright... Knot ဘက်ကို ကပ်သွားခဲ့သည်။

"သူ့ကိုမေးရင် သူက ပြောပြမယ်ထင်လား?"

Perm မေးခွန်းကြောင့် Toota က Perm အား တုံးအရန်ကော မျက်စောင်းတစ်ချက်လွှတ်လိုက်ရင်း...

My Dumb Senior and me(fanfic)Where stories live. Discover now