Part - 16

5.2K 544 159
                                    

Kongpob အခန်းတံခါးဝတွင် ရပ်ရင်း ရင်ခုန်နေမိသည်။ သူ တံခါးကို ခေါက်သင့်လား မခေါက်သင့်ဘူးလား။ သူ့ကိုယ်သူရောသူထိန်းနိုင်မည်တဲ့လား။ ဒီ P Arthit က ကိုယ့်အန္တရာယ်ကိုယ်မမြင်ဘူးလား…။ သူ ဘယ်နှကြိမ်မှန်းမသိသော သက်ပြင်းကိုချလိုက်ရင်း တံခါးခေါက်မည်အပြု ပွင့်လာသည့် တံခါးချပ်ကြောင့် သူ ရုတ်တရက် အနောက်သို့ပင် ဆုတ်လိုက်မိခဲ့သည်။

“P Arthit?...”

“မင်းက မဝင်ဘဲဘာလုပ်နေတာလဲ…”

“P… P က ဘယ်သွားမလို့လဲ… ဒီအချိန်ကြီး…”

သူအထစ်ထစ်အငေါ့ငေါ့ မေးလိုက်တော့ သူ့အား ထူးထူးဆန်းဆန်းတွေ ပြောနေသည်ဆိုသော အကြည့်မျိုးဖြင့် Arthit မျက်မှောင်ကြုတ်လိုက်ရင်း…

“အအေးသွားဝယ်မလို့ ပူတယ်လေ…”

“အင်း ကျွန်တော်လိုက်ခဲ့မယ်…”

“ဒီပုံတိုင်းကြီးနဲ့?”

“ဘာဖြစ်လို့လဲ…”

သူ နားမလည်စွာ မေးလိုက်တော့ သူ့နားတိုးကပ်လာသည့် Arthit… Kongpob ရုတ်တရက် တောင့်ကနဲဖြစ်သွားမိသည်။ ထို Arthit က ဘာလုပ်ဦးမလို့လဲ။ Arthit… သေသပ်စွာ ဝတ်ထားသည့် Kongpob ၏ Necktie ကို ဆွဲဖြုတ်ကာ အပေါ်ဆုံးကြယ်သီးတစ်လုံးကို အလျင်ဖြုတ်လိုက်ခဲ့သည်။ အနည်းငယ် သေသပ်မှုလျော့သွားသော Kongpob ကိုကြည့်ရင်း သူ ကျေနပ်စွာ ပြုံးလိုက်မိသည်။ Kongpob ကတော့ ရုတ်တရက် ရဲရဲတင်းတင်းသူ့ကိုလုပ်ချင်တိုင်းလုပ်ချလိုက်သော Arthit ကို မင်သက်စွာသာ ကြည့်နေမိဆဲ…။

“ဆံပင်တွေ…”

သူ့ဆံပင်များကို အနည်းငယ်ပွယောင်းယောင်းဖြစ်အောင် ထိုးဖွလိုက်ပြီးသည့်နောက် Arthit မျက်နှာက ကျေနပ်မှုကြောင့် ပါးချိုင့်နှစ်ဖက်ပင် ပေါ်လာခဲ့သည်။ Kongpob… သူ ရင်ခုန်ရလွန်း၍ ထိုနေရာတွင်ပင် သေသွားနိုင်လောက်သည်။ ထို P Arthit က ဘာတွေလုပ်နေတာလဲ!!!

“သွားမယ်လေ… ဘာရပ်လုပ်နေတာလဲ…”

သူ့ဘောင်းဘီအိတ်ကပ်ထဲ ဆွဲဖြုတ်ထားသည့် Necktie ကို ထိုးထည့်လာရင်း ရှေ့မှ ထွက်သွားသော Arthit နောက်သို့ သူ ယောင်ကန်းကန်း လိုက်သွားမိခဲ့သည်။ သူ့ကိုယ်သူ အိပ်မက်မက်နေသည်ဟု Kongpob ထင်နေမိဆဲ။

My Dumb Senior and me(fanfic)Tempat cerita menjadi hidup. Temukan sekarang