"Hmm Cheer Activity?"
"အင်း Kong… Cheer Hall ကိုသွားရမယ်"
"အာ ငါ မသွားချင်ဘူး…"
Kongpob သုန်မှုန်သော မျက်နှာပေးဖြင့် ပြောလိုက်တော့ Aim သူ့ခေါင်းသူ ကုတ်နေမိခဲ့သည်။ သူတို့နှစ်ဦးက အထက်တန်းကျောင်းကတည်းက အတူတက်လာသူများမို့ Kongpob သည် လူများများနှင့်ဆက်ဆံရမည့် Activity များကို မုန်းတီးမှန်း သူ ကောင်းကောင်းသိသည်။ သို့သော်လည်း သူ သွားချင်သည်။ သူ အထက်တန်းကတည်းက တိတ်တခိုးနှစ်သက်လာသည့် May သည် ထို Activity တွင်ရှိနေမည်ကို သူ သိသိကြီးနှင့် မည်သို့မသွားဘဲနေနိုင် မည်တဲ့လဲ။
"Kong… Third Year Senior တွေလာမှာ Cheer Activity ကို တာဝန်ယူရမှာက Third year တွေတဲ့… အဲ့ဒါ မင်းမသွားချင်ဘူးလား?"
"Hmm ငါက ဘာဆိုင်လို့…"
"မင်း Type တစ်ယောက်လောက်ပါရင် ပါမှာပေါ့ မင်းက အမြဲတမ်း အသက်ကြီးတဲ့သူတွေကိုပဲ ကြိုက်တာမဟုတ်လား?"
Aim စကားကြောင့် Kongpob နည်းနည်းစဉ်းစားသွားမိသည်။ သူ ကျောင်းစတက်ကတည်းက ရည်းစားပေါင်းများစွာတွဲဖူးခဲ့သည်။ သူ့ထက် အသက်ကြီးသော မမ များကိုသာ သူရွေးတွဲသည်ကို Aim ဆိုလိုသည်ကို သူ သဘောပေါက်သည်။ ယခု Third Year တွင် သူ သဘောကျလောက်မည့်သူ… သူ့အတွေးပုံရိပ်ထဲတွင် နံနက်က သူ့ထံမှ ဆေးလိပ်ခုန်လုခဲ့သော Senior… ဖြတ်ခနဲနမ်းခံလိုက်ရသည်ကို ကျောက်ရုပ်တစ်ရုပ်ပမာ တောင့်တောင့်လေး ကျန်ခဲ့သူ။ သူ့မှတ်ဥာဏ်သာ အမှတ်မမှားလျှင် ထို Senior က သူ့အား သွယ်ဝိုက်သော နည်းဖြင့် 'ငါက Head Hazer' လို့ ပြောခဲ့သည်ကို သူ စဉ်းစားလိုက်မိရင်း သူ့နှုတ်ခမ်းပါးတစ်စုံ ကော့ညွှတ်သွားခဲ့သည်။
"အင်းပြီးရောလေ… အပျင်းတော့ပြေလောက်ပါရဲ့…"
သူခေါင်းညိတ်လိုက်သည်နှင့် မျက်နှာတစ်ခုလုံး ဝင်းလက်သွားသည့် Aim ကိုကြည့်ပြီး သူ ခေါင်းယမ်းလိုက်မိသည်။ Aim နှစ်သက်နေသော ကောင်မလေးသည် ထိုအထဲတွင် ရှိနေပါလိမ့်မည်။ သူကတော့ ထို Senior သည် သူ့ကိုတွေ့လျှင် မည်သို့တုံ့ပြန်မည်ကို ပိုစိတ်ဝင်စားမိသည်။
"ငါ့ရဲ့ အပျင်းပြေလေး……"
သူခပ်တိုးတိုးပင် ရယ်လိုက်မိခဲ့သည်။ ဘယ်လိုလူမျိုးမို့ ထိုမျှထိ ရှက်တတ်ရတာလဲ။ ပြုတ်ကျသွားခါနီးတွင် သူ ထိန်းထားသည်ကို မျက်နှာတစ်ခုလုံး နီရဲကာ လွှတ်ပေးဖို့အော်သည့် Senior…
YOU ARE READING
My Dumb Senior and me(fanfic)
RomanceNot a fantasy fanfiction just want to write something normal... a normal love story ^^ enjoy