Part - 23

4.8K 487 72
                                    

အခန်းထဲရှိသူတို့နှစ်ဦးအကြား တိတ်ဆိတ်မှုသာ ကြီးစိုးနေဆဲ။ Kongpob သူ့ကို ပြန်ကြည့်မလာဘဲ ကြမ်းပြင်ကိုသာ ကြည့်နေခဲ့သည့် Arthit ကိုကြည့်ရင်း သူ့ရင်တို့သည် ကြေကွဲလျက်။ အ! အသဲကွဲတယ်ဆိုတာကို ဒါကိုပြောတာလား… ပြင်းပြပူလောင်လွန်းပြီး မည်သည့်အရာနှင့်မှ ငြှိမ်းသတ်နိုင်ခြင်း မရှိသည့် ခံစားချက်မျိုး။ သူ Arthit လက်ကို လှမ်းဆွဲမလို လုပ်အပြီးမှ သူ့လက်ကိုသူ ပြန်ရုတ်လိုက်မိသည်။

သူ ငိုချင်လာသည်။ သူ့ရင်ထဲ အမည်မဖော်လိုသည့် ခံစားချက်တစ်ခုသည် စို့နင့်တက်လာခဲ့သည်။ ဟုတ်သည် သူ ငိုချင်သည်။ သို့သော်မျက်ရည်တို့သည် ထွက်မလာခဲ့။ ထိုခံစားချက်သည် လှိုက်တက်လာသည့်တိုင် နာကျင်ခံစားခက်သည့် ဝေဒနာတစ်ခုအဖြစ်သာ ပြောင်းလဲသွားသည် မျက်ရည်များအဖြစ်တော့ ပြောင်းလဲမလာခဲ့။ မျက်ရည်များအဖြစ်ပြောင်းလဲသွားခဲ့လျှင် ထို ခံစားခက်သည့် ဝေဒနာသည် ပြောင်းလဲသွားနိုင်သည်ကို သူ သိသည်။ သို့သော်လည်း ထိုခံစားချက်များသည် မျက်ရည်များအဖြစ် ပြောင်းလဲမသွားဘဲ သူ့ရင်ထဲတွင်သာ ကိန်းဝပ်နေဆဲ။

Arthit ၏ စိတ်မကောင်းဘူး ဆိုသော တိုးသဲ့သည့် အသံတစ်ခုသည် သူ့အား အရာရာ ပြိုကွဲသွားသလို ခံစားစေခဲ့သည်။ သူ့အား Arthit ကိုပင် မကြည့်ရဲလောက်အောင် ကြောက်ရွံ့စေသည်။ သူ အရဲစွန့်ပြီး Arthit ကို ကြည့်သော်လည်း မိမိ အောက်နှုတ်ခမ်းကို အသာဖိကိုက်ကာ ကြမ်းပြင်ကို ကြည့်နေဆဲဖြစ်သော Arthit…

ယခုအခြေအနေတွင် သူ တစ်ခုခုတော့ ပြောသင့်တယ် မဟုတ်ဘူးလား… သူ စဉ်းစားလိုက်မိသည်။ သူ စကားစရန်ပြင်လိုက်ပြီးမှ သူ့နှုတ်ခမ်းတို့ကို စေ့ပိတ်ထားလိုက် မိသည်။ သူ ဘာလုပ်သင့်လဲ သူ စဉ်းစားနေမိဆဲ။ သူ အခန်းထဲမှ ထွက်သွားရမည်လား။ ထွက်သွားခဲ့လျှင်… သူတို့အရင်အတိုင်း ပြန်ဖြစ်မည်လား။ သူ မည်သို့မျှ စဉ်းစားမရနိုင်တော့…

“Pfft…”

“Huh?”

ခွိကနဲရယ်သံသဲ့သဲ့ကြောင့် သူ ခေါင်းထောင်ကြည့်လိုက်တော့ မိမိပါးစပ်ကို မိမိလက်ဝါးတစ်ဖက်ဖြင့် အုပ်ကာ သူ့ကိုကြည့်ပြီး ကြိတ်ရယ်နေသည့် Arthit…

My Dumb Senior and me(fanfic)Where stories live. Discover now