Project "Sempiternal"
Bello AnnaLynn is here~~
Hello အားလုံးကို Project Sempiternal လေးနဲ့ မိတ်ဆက်ပေးပါရစေနော်…
Sempiternal ဆိုတဲ့ ဝေါဟာရဟာ လက်တင်ဘာသာ စကား Semper(always) နဲ့ aeternus (eternal) တို့ကဆင်းသက်လာတဲ့ စကားလုံးတစ်ခုဖြစ်ပြီး ထာဝရတည်မြဲသော ဆိုတဲ့ အဓိပ္ပာယ်အဖြစ် အနီးစပ်ဆုံး မြန်မာမှုပြုလို့ရပါတယ်။ Sempiternal နဲ့အလားတူတဲ့ အခြားသော ဝေါဟာရအချို့ကတော့ neverending, everlasting, forever စတဲ့ စကားလုံးတွေပါပဲ။
ဘာကြောင့် ဒီဝေါဟာရကိုမှ ရွေးပြီး Project နာမည်ကို ပေးဖြစ်လဲဆိုရင် Sempiternal ဟာ လူသားဆန်တဲ့ ထာဝရတည်မြဲခြင်းကို ကိုယ်စားပြုပါတယ်တဲ့။ (ရှာဖွေထားသော Defn: များအရပေါ့လေ)
ဒါဆို ဒီ Project Sempiternal ဟာ ဘယ်သူတွေအတွက်ရည်ရွယ်ပါသလဲ?
ဘယ်သူတွေအတွက်လဲဆိုတော့ Anna တို့တွေကို P Nong ဆိုပြီး ဂျင်းကျွေးတဲ့ ညီအစ်ကိုနှစ်ယောက်အတွက် ရည်ရွယ်ပါတယ်။ လာမဲ့လေးလပိုင်းထဲမှာ Peraya Anniversary ရှိတာမို့ အစီအစဉ်လေးတွေလည်း ရှိပါလိမ့်မယ်။ ဘာအစီအစဉ်တွေလဲဆိုတာကိုတော့ အနီးကပ်လာရင်သိကြရမှာပါနော်။Sempiternal ဆိုတာဘာလဲ?
Sempiternal ဆိုတာ စာအုပ်လေးတစ်အုပ်ပါ။ဘာတွေပါမှာလဲ?
Sempiternal ဆိုတဲ့ ဒီစာအုပ်လေးမှာ Anna Lynn ရဲ့ "Dumb Senior" ဆိုတဲ့ Fanfic နဲ့ Natpankalay ရဲ့ "ချစ်ခြင်းကိုစေ" ဆိုတဲ့ Fanfic နှစ်ပုဒ်ပါဝင်မှာဖြစ်ပါတယ်။ စာအုပ်လေးရဲ့ ကာဗာဒီဇိုင်းကတော့ ထုံးစံအတိုင်း Zaw Ye Htut ပါပဲ။ (စာအုပ်လှလှလေးတွေထုတ်ချင်ရင် သူနဲ့အဖုံးအပ်နိုင်ပါတယ်)Sempiternal ကို ဘာအတွက်ထုတ်တာလဲ?
Sempiternal ဟာ Peraya Anni အမှတ်တရထုတ်တာပါ။ စာအုပ်ရောင်းရတဲ့ အမြတ်ထဲက တစ်ဝက်ကိုလည်း Fund အနေနဲ့ Peraya Anni အတွက် လေးလပိုင်းမှာ လုပ်မဲ့အစီအစဉ်တွေမှာ ပြန်လည်ထည့်ဝင်ဖို့အတွက် ထုတ်တဲ့ Mini Fund Raising စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ဘယ်လိုမှာရမလဲ? ဈေးနှုန်းကရော?
Order ကိုတော့ ရှေ့အပတ်ထဲမှာ ရွှေလာဘ်ကနေ ကောက်ခံသွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ ရွှေလာဘ်ကထုတ်တာမို့ မများဘူးဆိုတာ ယုံထားလို့ရပါတယ်နော်။ အများစုက ရွှေလာဘ်နဲ့ မစိမ်းသက်တာမို့ Delivery လည်းစိတ်ချလို့ရပါတယ်။အောက်မှာကာဗာလေးကို မိတ်ဆက်ပေးထားပါတယ်။ ကာဗာက Headphone လေးဟာ အမြဲတမ်း တစ်ကမ္ဘာဆောက်တတ်တဲ့ Singto ကိုရည်ညွှန်းပြီး ဖိနပ်လေးကတော့ စင်မဆန့်အောင်တောင် ဝယ်တတ်လွန်းတဲ့ Krist ကိုရည်ညွှန်းပါတယ်။ စိမ်းလန်းတဲ့တောအုပ်ကတော့ သဘာဝတရားကို ဖော်ညွှန်းပြီး Sempiternal ဆိုတဲ့ ခေါင်းစဉ်လေးက သူတို့ကြားကတည်မြဲခြင်းကို ကိုယ်စားပြုပါတယ်။ အကျဉ်းချုံးရရင်တော့ သဘာဝတရားကဲ့သို့ တည်မြဲတဲ့ သူတို့ကြားက ချစ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ဆိုတော့…
Sempiternal စာအုပ်လေးကို အားပေးပြီး ကိုယ်သဘောကျရတဲ့ Fanfic ကိုလည်း သိမ်းဆည်းရင်း Peraya Anni အတွက်လည်း တစ်တပ်တစ်အားဝိုင်းဝန်းကူညီကြပါနော်။ယူတို့ရဲ့ချစ်သော
Anna
YOU ARE READING
My Dumb Senior and me(fanfic)
RomanceNot a fantasy fanfiction just want to write something normal... a normal love story ^^ enjoy