“P Ar..thit..”
“Hoy! Kong!”
Arthit စာအုပ်တစ်အုပ်အား သဲကြီးမဲကြီးဖတ်နေစဉ် သူ့အား အနောက်မှ သိုင်းဖက်လာသည့် Kongpob သူ ခပ်မြန်မြန်သာ သူ့ကို ဖက်လာသည့် Kongpob ကို တွန်းထုတ်လိုက်မိသည်။ ဘေးဘယ်ညာကို သူ အလျင်အမြန်ကြည့်ပြီး Kongpob အား မျက်မှောင်ကြုတ်ကြည့်လိုက်ရင်း…
“မင်းတို့လည်း စာမေးပွဲနီးပြီးမဟုတ်လား…”
“Khap…”
“အဲ့ဒါကို စာမလုပ်ဘူးလား…”
မျက်မှောင်ကြုတ်မေးလာသည့် Arthit ၏ စုတွန့်ထားသည့် မျက်ခုံးနှစ်ဖက်ကို သူ လက်မနှင့်လက်ညှိုးလေးဖြင့် အသာလေး ပြန်ဖြန့်လိုက်ရင်း ပြုံးလိုက်မိသည်။ သူ့ P Arthit မျက်နှာက သူ ထိုသို့ လုပ်တိုင်း နီရဲနေမြဲ။ သူတို့ တစ်ဦးနှင့်တစ်ဦး ဝန်ခံအပြီးတောင်မှ ထို P Arthit သည် ယခုထိရှက်နေနိုင်တုန်းလား။ သူ ဘယ်တော့မှ P Arthit ကိုယခုလို မြင်တွေ့ရခြင်းကို ရိုးအီသွားမည်မထင်မိ။ ထို P Arthit သည် သူ့ဘေးတွင် တစ်ဘဝလုံးအတူ ရှိနေစေချင်သည့် အသိသည့် ယခုတလော သူ့ထံတွင် စိုးမိုးနေလွန်းသော အသိ။ ထိုသို့တွေးခြင်းက သူ စောလွန်းနေသလား။ Arthit ကရော သူ့အပေါ်တွင် ယခုလို သဘောထားမည်တဲ့လား… သူ Arthit မျက်နှာကို ငေးကြည့်နေရင်းမှ သက်ပြင်းချလိုက်မိသည်။
Arthit ခုံပေါ်မေးတင်ရင်း သူ့မျက်နှာအား အသိမဲ့နေသည့် သူတစ်ယောက်လို အကြောင်သား စိုက်ကြည့်နေသည့် Kongpob မျက်စိရှေ့ကို စာအုပ်တစ်အုပ်ဖြင့် ကာလိုက်မိသည်။ စာကြည့်တိုက်မှာ ဒီလိုကြီး မနေသင့်ဘူးတော့မဟုတ်လား။ ယခုနောက်ပိုင်း သူ Kongpob နှင့် နှစ်ဦးတည်း မရှိနိုင်အောင် တတ်နိုင်သလောက် ရှောင်နေတတ်သည်။ အဓိကအကြောင်းက Kongpob နှင့် သူ တွဲနေသည်ဆိုသည်ကို အခြားသူများ သိသွားမည်စိုး၍။
Kongpob သည် ပထမနှစ်… Campus Moon ထို့အပြင် Suthiluck အိမ်၏ တစ်ဦးတည်းသောသား။ Engineer လောကတွင် ထိုအိမ်ကို မသိသူမရှိ။ သူ့အတွက်နှင့် Kongpob Image ကျသွားမည်ကို Arthit သေမလောက်စိုးရိမ်သည်။
ထို့အပြင် Kongpob သည် Bright ပြောသလို One Time Things မျိုး များပြားခဲ့သူ ဖြစ်သဖြင့် သူ့ကိုလည်း တစ်ချိန်ငြီးငွေ့သွားလောက်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး သူ နောက်ဆုတ်ချင်ခဲ့သော်လည်း… သူ Kongpob နှင့် မဝေးချင်… Kongpob ကို မချစ်ခြင်းထက် ထိုအရာကို မသိသလို နေပေးဖို့ကိုသာ သူရွေးချယ်ဖြစ်သည်။ သူ့အား Kongpob မလိုချင်တော့သည့် တစ်နေ့အထိ သူ Kongpob ဘေးတွင်ရှိနေမည်။ ထို့အတွက် အတူနေရသည့်အချိန်လေးတွင်… သူ တတ်နိုင်သမျှ ပျော်ရွှင်စရာအမှတ်တရများကို တတ်နိုင်သမျှဖြည့်ဆည်းမည်။
YOU ARE READING
My Dumb Senior and me(fanfic)
RomanceNot a fantasy fanfiction just want to write something normal... a normal love story ^^ enjoy