[UNICODE]
စနိုးတွင် တခြားသူများနှင့်မတူသည့် နည်းနည်း ထူးဆန်းသော အကျင့်တစ်ခုရှိသည်။ထိုအကျင့်ကြောင့်လည်း ကျွန်မ သူ့ကို မုန်းနေခဲ့ခြင်းဖြစ်သည်။
"တို့က စနိုးတို့ကို ခင်ခင်မင်မင် နိုးနိုး လို့ခေါ်ကြနော် ကိုကိုတို့" ဟုချက်ချင်းပင် ကျွန်မတို့ကို လျစ်လျူရှုကာ တစ်ဖက်တွင် ထိုင်နေသည့် အမျိုးသားများအား နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ ထိုမြင်ကွင်းသည် ကျွန်မအတွက် မစိမ်းပါ။ ရင်းနှီးနှင့်ပြီးသား မြင်ကွင်းတစ်ခုပါ။အဘယ်ကြောင့်ဆိုသော်...
"ထက်ယံမလားတို့က မြူရဲ့ အတန်းဖော်ပါ"
"အော် ဟုတ်..." ထက်ယံအနား တိုးသွားပြီး
"ထက်ယံကို တို့အရမ်းသနားတာပဲ မြူလို အိမ်ကြောက်တစ်ယောက်နဲ့ ချစ်သူဖြစ်နေရလို့လေ"
"ကျွန်တော်အတွက် အဆင်ပြေနေတာပဲ" ဟု ထက်ယံ ပြန်ဖြေလိုက်တော့လည်း
"ထက်ယံလိုလူမျိုးက တို့လိုလူမျိုးနဲ့မှ လိုက်ဖက်တာလေ ထက်ယံတို့ကိုပြောင်းကြိုက်လိုက်ပါလား"
"မြူရှေ့မှာ မင်းဒီလိုမပြောသင့်ဘူး"
ဟုတ်ပါတယ်။ ထက်ယံပြောတာ အမှန်ပါ။ ကျွန်မကို အရှေ့မှာထားပြီး ဒီလိုအပြုအမူ ဒီလိုစကားတွေပြောခဲ့သည့် အရှက်မဲ့သောသူမှာ စနိုးပါ။ "ဒါဆိုလည်း မြူ ကွယ်ရာမှာဆက်ပြောမယ်လေနော် ကိုကို
အဲ မှားလို့ ထက်ယံ" ဒီလိုလုပ်ခဲ့သည့် စနိုးက ကျွန်မရှေ့ရောက်လာပြီး သူ့ထုံးစံအတိုင်း နှုတ်ခမ်းနီရဲရဲနဲ့ စကတ်လေးမလုံတလုံဝတ်ပြီး အပြုံးမပျက် လာနှုတ်ဆက်နေလေရဲ့။
"ဟဟ ကိုကိုခေါ်တာ တခြားသူတော့မသိပေမယ့် ကျွန်တော်တော့ ရင်မခုန်ဘူး" ဆိုပြီး လူတစ်ယောက်က
ထပြောလိုက်သည်။ ထိုသူကား ဟိုးဘက် ထောင့်စွန်းမှာ ထိုင်နေခဲ့တဲ့ အနောက်တိုင်းဝတ်စုံအပြည့် ရွှေရောင်နာရီကြီး ပတ်ထားတဲ့ တစ်ယောက်ပါ။အသက်ကသာ ကျွန်မထက် သိပ်မကြီးလောက်ပုံပေါ်သော်လည်း မယုံကြည်လောက်အောင်ပင် လူကြီးဆန်လွန်းလှသည်။သူ့နာမည်က စည်သူတဲ့...
YOU ARE READING
Bet On heart [ZAWGYI + UNICODE]
Romance[UNICODE] ကစားပွဲတိုင်းမှာ လောင်းကြေးဆိုတာ ရှိမှာပဲ... ဒီတော့ အချစ်ဆိုတဲ့ကစားပွဲအတွက် လောင်းကြေးက... နှလုံးသားပေါ့... ဒါပေမယ့်... အဲ့အချစ်ဆိုတာ ဘဝနဲ့ယှဉ်လို့ရတဲ့အရာ တစ်ခုလား အသက်ရလာရင် အချစ်ဆိုတဲ့အရာပေါ်မြင်တဲ့ အမြင်လည်း ပြောင်းလဲလာမှာတဲ့လား ဒီဇ...