[UNICODE]
အခုမှ သတိထားမိလိုက်သည်။ ကိုဝေယံ ဒီဇိုင်းပြောင်းနေသည်ကိုဒီနေ့ ကိုဝေယံဒီဇိုင်းက လုံးဝခေတ်ရှေ့ပြေးနေသည့် စီးပွားရေးပညာရှင်ကြီး တစ်ယောက်အလားနက်ပြာရောင် ဝတ်စုံ၊ ဘွတ်ဖိနပ်အညိုရင့်ရောင်နှင့် သန့်ပြန်လွန်းလှသည်။ ဟိုတစ်နေ့ကတပ်ခဲ့သည့် မျက်မှန်လည်း မပါသလို ကျွန်မအဖေတို့ခေတ်က ကီးပတ်ဖုန်းလည်း အိမ်မှာ ထားခဲ့ပုံရသည်။ဒီနေ့တော့ သူ့ ipad နှင့် သူ့ iphoneX ကြီးကိုသာ ထုတ်ကြွားထားလေသည်။
"ဟိတ် စိတ်ဆိုးသွားတာလား"တဲ့လေ။
အခုကျတော့လည်း တစ်ဖက်သူအတွက် တွေးပေးပြန်ရော။ ဟိုနေ့ကတော့ တစ်ခွန်းမကျန် ပြန်ပြောနေခဲ့တဲ့သူကလေ။
"ကိုဝေယံက အမြွာရှိတာလား ဒါမှမဟုတ် ကိုဝေယံတော့ ဟုတ်ပါတယ်နော်"လို့ ကျွန်မထပ်အကဲစမ်း မေးလိုက်မိပြန်သည်။ ကျွန်မလည်း စိတ်ထဲက တော်တော်လွန်သွားပြီဟု တွေးလိုက်မိသည်။ သူလည်း ဒီတစ်ကြိမ်တော့ စိတ်ပျက်သွားလောက်ပြီဟု ထင်လိုက်ခဲ့သည်။ သို့သော် သူစိတ်မဆိုးပါ။ စိတ်မဆိုးသည့်အပြင်
"ဟိုနေ့ကတော့ ကိုယ်တော်တော်လွန်သွားခဲ့တာတကယ်တောင်းပန်ပါတယ်" ဆိုပြီး အသေအကျေ တောင်းပန်နေသည်။
"ဒါပေမယ့် ကိုယ်မှာ အမြွာလည်းမရှိသလို ဝေယံဆိုတဲ့ကိုယ်ကလည်း အစစ်အမှန်ပါ" ဆိုပြီး ဆက်ပြောခဲ့သည်။
"ဆောရီးပါ ကျွန်မလည်း မရည်ရွယ်ပါဘူးဒါပေမယ့် ကိုဝေယံပြောင်းလဲတာက အရမ်းမြန်ဆန်လွန်းလို့တော့..."
"ဒါကလည်း မြူကြောင့်လေ... ဟုတ်တယ် ကျွန်တော်ဝန်ခံတယ် ကျွန်တော်အရင်က အများအမြင်ကို သိပ်ဂရုမစိုက်တတ်သလို ကျွန်တော်မှန်တယ်ထင်တာကို ပြောလိုက်တာပဲ။ ဒါပေမယ့် မြူက ဒီလိုမျိုးမကြိုက်ဘူးလေ။ ဒါကြောင့် မြူကြိုက်တဲ့ ပုံစံမျိုးကို ကျွန်တော် ပြောင်းခဲ့တာလေ" လို့သူပြန်ပြောတော့ ကျွန်မတော်တော်လေး ကြောင်သွားသည်။
"မြူက ဒီလိုပုံစံမျိုးမှ ကြိုက်တယ်လို့ ဘယ်သူပြောလို့လဲ"
"မြူ့မျက်လုံးတွေကပေါ့"
"ဟင်"
"ဟုတ်တယ်လေ မြူက သွန်းခ စကားပြောတာမျိုး နားထောင်နေချိန်ဆို မျက်လုံးအရောင် တောက်နေတာပဲပြီးတော့ ကိုစည်သူကိုဆိုလည်း အဲ့လိုပဲ။ ဝတ်စားထားတာကို ကြိုက်တယ်ဆိုတဲ့ အကြည့်တွေ။ ဒါပေမယ့် သူတို့ကို မြူရင်မခုန်ဘူးဆိုတာ ကိုယ်သိပါတယ်ဘာလို့လဲဆိုတော့ မြူရင်ခုန်တာက ထက်ယံဆိုတဲ့ ကောင်လေးလေ"
YOU ARE READING
Bet On heart [ZAWGYI + UNICODE]
Romance[UNICODE] ကစားပွဲတိုင်းမှာ လောင်းကြေးဆိုတာ ရှိမှာပဲ... ဒီတော့ အချစ်ဆိုတဲ့ကစားပွဲအတွက် လောင်းကြေးက... နှလုံးသားပေါ့... ဒါပေမယ့်... အဲ့အချစ်ဆိုတာ ဘဝနဲ့ယှဉ်လို့ရတဲ့အရာ တစ်ခုလား အသက်ရလာရင် အချစ်ဆိုတဲ့အရာပေါ်မြင်တဲ့ အမြင်လည်း ပြောင်းလဲလာမှာတဲ့လား ဒီဇ...