Curious is a crime

277 18 0
                                    

[UNICODE]

"ဖြစ်ပုံက ဒီလိုဟ..." ဟုအစချီကာ ကိုသွန်းခပြောလေသည်။ =========================================================

"မာယာကို အခုလို လာကြိုပေးတာ ကျေးဇူးပဲနော်ကိုသွန်းခ"

"ရပါတယ်ဗျာ ကျွန်တော်က ဖြစ်နိုင်ရင် နောက်ပိုင်းလည်း ဒီလိုပဲ အကြိုအပို့တာဝန်ယူပေးချင်တာမာယာခွင့်ပြုရင်ပေါ့" အခုလို စနောက်ရင်း မာယာနှင့် သွန်းခတို့ Myanmar Plaza သို့ ချီတက်လာခဲ့သည်။ မာယာတို့ Myanmar Plaza ထဲအဝင် ထက်ယံက အထွက်ပေါ့။ ရင်းနှီးသူများ မဟုတ်သဖြင့် နှုတ်မဆက်ခဲ့သော်လည်း ထက်ယံကို နှစ်ဦးလုံးမှတ်မိသဖြင့် တစ်ချက်တော့ ခေါင်းလှည့်ကြည့်မိသည်။

"ကောင်မ နင်ကများ ငါ့လူကို မျက်စိကျနေရလား" ဟု ပြောပြောဆိုဆိုနှင့် မာယာအား ပါးရိုက်လိုက်သည်။ ပါးရိုက်သောသူမှာ တခြားသူမဟုတ် စနိုးဖြစ်သည်။

"ဘာလုပ်တာလဲ စနိုး" ဟု ကိုသွန်းခက စနိုးလက်အားဆွဲကာ မေးလေသည်။ ထိုအခါသူက "စနိုးကို စိတ်ဝင်စားရင်လည်း အဲ့ကောင်မမရှိတဲ့အချိန်မှ လာပတ်သက်လေ~ နော်" ဟု ချွဲပစ်စွာ ပြောသွားလေသည်။

=========================================================

"အဲ့ဒါပဲမြူရေ အဲ့ဒါကြောင့်ပဲ ကျွန်တော်တို့ ပြန်လာခဲ့ကြတာ"

"ဒါနဲ့ပဲ ငိုလာရလား မာယာရယ်" လို့ကျွန်မလည်း နှစ်သိမ့်ပေးလိုက်မိသည်။ မာယာကို ဖက်ရင်းနှင့်ပေါ့။

"မြူရယ် ငါ့ဘဝမှာ ဒီလိုမျိုး အစော်ကား မခံရဖူးဘူးဟာပြီးတော့ လူလယ်ခေါင်ကြီးမှာ...." မာယာ ငိုရင်း သူ့ခံစားချက်တွေကို ရင်ဖွင့်လေသည်။ ထိုသည်မှာ အမှန်ပေ။ မာယာဆိုသည်မှာ သူ့သိက္ခာနှင့်သူနေတတ်သူဖြစ်သည်။ တော်ရုံဆို အသံကျယ်ကျယ်ပင် စကားမပြောတတ်။ ရန်ဖြစ်ဖို့ဆို အဝေးကြီးပင်။ ထို့ကြောင့်လည်း ယခုကဲ့သို့ လက်မခံနိုင်ခြင်းဖြစ်မည် ထင်သည်။

"ဟုတ်ပါတယ် မြူရယ် မာယာကို ခဏလောက်တော့ ငိုပါစေ" ဟု ကိုသွန်းခကလည်းဝင်ပြောသည်။ "ကိုသွန်းခကို မာယာ တောင်းပန်ပါတယ် ဒါပေမယ့် ပြန်လိုက်ပါတော့နော်" ဟု မာယာ ကိုသွန်းခကို နှင်ထုတ်လိုက်သည်။ "ကိုယ် သွားတော့မယ်နော်" ဟု နှုတ်ဆက်ကာ ကိုသွန်းခလည်း ပြန်သွားခဲ့သည်။ ဇာတ်လမ်းအစမကောင်းပေမယ့် ဇာတ်သိမ်းချောဖို့ မာယာအတွက် မြူဆုတောင်းပေးမိသည်။ မြူရဲ့ ဇာတ်လမ်းကိုတော့ မာယာအား မပြောပြဖြစ်ပါ။ မပြောဖြစ်ဆို မြုကိုယ်တိုင် မြုဇာတ်လမ်းကို ခေါင်းစဉ်မတပ်တတ်သောကြောင့်သာ ဖြစ်မည်။ ထိုညတွင် "အိပ်နေပြီလား မြူ" ဟု စာတိုလေး တစ်စောင် ဝင်လာသည်။ နံပါတ်စိမ်း ဖြစ်နေသဖြင့် စာပို့သူ မည်သူမည်ဝါဆိုသည်မှာ ကျွန်မလည်း မပြောတတ်ခဲ့ပါ။ ထို့ကြောင့်လည်း စာမပြန်ဖြစ်ပါ။ "အိပ်နေတာလား" ဟု နောက်ဖုန်းနံပါတ် တစ်ခုဖြင့် စာတစ်စောင်ထပ်ဝင်လာသည်။ ထိုစာပို့သူမှာ တစ်ယောက်တည်းဟု ကျွန်မ တစ်ထစ်ချယုံလိုက်သည်။ အေးလေ။ ဒီခေတ်ကြီးမှာ sim card တွေ ဈေးပေါစွာ ဝယ်နိုင်နေတော့ နံပါတ်တစ်လုံးတည်း ကိုင်သူ ခပ်ရှားရှားရယ်။

Bet On heart [ZAWGYI + UNICODE]Where stories live. Discover now