Memories come suddenly

249 14 0
                                    

[UNICODE]

ဒီနေ့ကျွန်မတွေ့ရသည့် ဝေယံမှာ ယခင်နှင့်မတူပေ။ ဆံပင်ကို အရှေ့ချထားကာ ကိုရီးယားမင်းသား ပုံစံမျိုး ပြင်ဆင်ထားသည်။ သူတပ်နေကျ မျက်မှန်အစား မျက်ကပ်မှန် အညိုရောင်ကို ပြောင်းတပ်ထားသည်။ သူဟိုတစ်ခေါက်က ဝတ်ထားသလိုမျိုး ကုတ်အင်္ကျီလည်း ဝတ်ထားတာမျိုးမဟုတ်သလိုလူငယ်ဆန်ဆန် ဝတ်ထားတာမျိုးလည်း မဟုတ်ပါ။ အပြာနုရောင် ရှပ်အင်္ကျီနှင့် စတိုင်ပန်ဘောင်းဘီ နက်ပြာရင့်ရောင် ဝတ်ထားသည်။ သို့သော် မပြောင်းလဲတော့သည်မှာ iphone ဖြစ်လိမ့်မည်။

"ကျွန်တော်မှာထားတာတွေ လာချပေးလို့ရပြီ" ဟု သူစားပွဲထိုးကို ပြောလိုက်သည်။ ကျွန်မ တစ်ချက် ပြုံးလိုက်မိသည်။ တခြားကြောင့်တော့ မဟုတ်ပါ။ ကျွန်မနှင့် ၃ ၄ ကြိမ်လောက်သာ တွေ့ဖူးသည့် သူတစ်ဦးက ကျွန်မ ကြိုက်တတ်သည့်အရာကို မှာနိုင်မည်ဟု သိပ်ယုံကြည်နေသည့် သူ့ပုံစံကြောင့်ပါ။

"မြူကကွာ သိပ်စိမ်းကားတယ်နော်"

"ဟင် ဘာကိုလဲ"

"ကိုယ့်ကို စာတစ်စောင်မှ မပြန်ဘူးလေကိုယ့်မှာတော့ စာများ ပြန်လေမလားလို့ အမျိုးမျိုးကြိုးစားလိုက်ရတာ" လူတတ်ကြီး ကိုဝေယံတစ်ယောက်က အခုလိုမျိုး ကလေးဆန်နေတာတော့ အတော်ထူးဆန်းလှသည်။ ဘာပဲဖြစ်ဖြစ် အမျိုးမျိုးကြိုးစားခဲ့သည်ဟု ဆိုသောကြောင့် ကျွန်မဆီလာသည့် စာနှစ်စောင်မှာ သူပို့တာ သေချာနေလေသည်။

"ဘယ်သူမှန်းမသိလို့ပါ မြူ မရည်ရွယ်ပါဘူး"

"အေးလေ ကိုယ်ကလည်း ကိုယ်ပါလို့ မပြောခဲ့မိတာကို"

"အစ်ကိုတို့ မှာထားတာရပါပြီ" ဟူသော စားပွဲထိုးကောင်လေး၏စကားကြောင့် ဝေယံစကားလက်စ ပြတ်သွားခဲ့သည်။

"မြူက အချိုမှုန့်မထည့်ဘူး အဆီလျှော့မယ်ပြီးတော့ ကလီစာရှောင်မယ့် ဒါပေမယ့် အူတော့ထည့်မယ် ကြေးအိုးဆို ဝက်သားကြိုက်ပေမယ့် ဆာတေးဆို ကြက်သားမှ ကြိုက်တယ် ဟုတ်တယ်မလား" ဟုဆိုကာ ကျွန်မ အကြိုက်တွေကို ခရေစေ့တွင်းကျ ရေရွတ်နေသည့် ကိုဝေယံ ကို ကျွန်မ တစ်ခဏတော့ အံ့သြမိသွားသည်။ သို့သော် ကျွန်မ ဘာကြိုက်တယ် မကြိုက်ဘူးဆိုတာ သူမှာ စုံစမ်းနိုင်တဲ့နည်းလမ်းတွေရှိတာပဲဟု စိတ်ဖြေလိုက်သည်။

Bet On heart [ZAWGYI + UNICODE]Où les histoires vivent. Découvrez maintenant