The puzzle

273 10 0
                                    

[UNICODE]

"မြူ..."

" မြူ ဟုတ်တယ်မလား" ဟု ထိုသူက ဆက်ပြောသည်။ ကျွန်မသေချာ ကြည့်သော်လည်း မိုးရေထဲမှာ မျက်ရည်ပြည့်နေသည့် မျက်ဝန်းတွေက ထိုသူကို သေချာမမြင်ရသည်မှာ အမှန်ပါ။ ထို့ကြောင့်လည်း ကျွန်မ မမြင်ဟန်ဆောင်ပြီး ဒီအတိုင်း လျစ်လျူရှုနေတော့ ထိုသူက ကျွန်မလက်ကိုဆွဲပြီး

"မြူ... မြူ...ဟုတ်တယ်မလား" ဟု ဆိုကာ ကျွန်မသွားမည်ကို တားနေလေသည်။

" ဘယ်သူလဲ" ဟု ကျွန်မမေးကာ ဆွဲထားသည့်လက်ကို ငြင်းဆန်ကြောက်ကန်နေမိတော့

" မြူ ကျွန်တော်သွန်းခပါ" တဲ့လေ။

"အော်" ဟု တစ်ခွန်းတည်းပြန်ဖြေကာ ကျွန်မ နားလည်လိုက်သည်။ ထပ်ငြင်းဆန်ဖို့ မဖြစ်နိုင်တော့သည်ကို သိလိုက်သည်။ ထို့ကြောင့်လည်း

"ကိုသွန်းခ ဒီဘက်ကို ဘယ်လိုလုပ်ပြီး..." ကျွန်မမေးခွန်းမဆုံးခဲ့ပါ။

"မြူ"

"မြူ"

"မြူ နိုးလာပြီလား" ဟု မာယာစကားသံများနှင့် ကျွန်မနိုးလာခဲ့သည်။ သို့သော် ကျွန်မ တိုက်ခန်းကို မည်သို့မည်ပုံနှင့် ပြန်ရောက်လာသည်မှာ ကျွန်မမမှတ်မိတော့ပါ။ ထို့အတူ မာယာကိုလည်း မမေးမိပါ။ သို့သော် မာယာမျက်နှာမကောင်းသည်ကိုတော့ သတိထားမိသည်။ ထိုအကြောင်းလည်း ကျွန်မ မမေးခဲ့မိပါ။

" မာယာ ရုံးသွားလိုက်ဦးမယ် မြူ

ဒီနေ့တော့ ရုံးနားလိုက်နော် မြူ

မာယာသွားတော့မယ်နော်" ဟု မာယာဆိုတော့လည်း ကျွန်မမှာ ခေါင်းလေးသာ ငြိမ့်ပြခဲ့ရသည်။

ကျွန်မ မာယာထွက်သွားသည်အထိ ကျွန်မအိပ်ရာထဲမှာ အတွေးများစွာ တွေးနေမိသည်။

ဘာလို့ ကိုဝေယံက ကျွန်မ၏အိမ်အကြောင်းကို သိနေတာလဲ။ ကျွန်မရဲ့ ဒီအတိတ်ကို မာယာတောင် မသိခဲ့ဘူး။ ဒီလို ကျွန်မ ပြည်ဖုံးကားချထားတဲ့ ဇာတ်လမ်းတစ်ခုကို ဘယ်လိုလုပ်ပြီး သိခဲ့တာလဲ။ ဘယ်လောက်စုံစမ်းစေကာမူ ဒီကိစ္စကို သိစရာ အကြောင်းကို မရှိဘူးလေ။ မဟုတ်မှလွဲရော...

Bet On heart [ZAWGYI + UNICODE]Where stories live. Discover now