[UNICODE]
နောက်တစ်နေ့တွင်"ဘယ်လို" အတန်းထဲက ကောင်မလေးတချို့ အလန့်တကြား အော်လိုက်သံသည် ကျွန်မ၏ အာရုံကို ဖမ်းစားလိုက်နိုင်သည်။
"တကယ်ကြီးလား ငါတို့က မြူသံစဉ်ကို စိတ်ဝင်စားနေတယ် ထင်နေတာ တကယ်ကြီး စနိုးနဲ့တွဲနေတာလား" ဆိုသည့် အမေးကြောင့် ကျွန်မ တစ်ကိုယ်လုံးပူလောင်သွားခဲ့သည်။ ထိုပူလောင်ခြင်းနှင့်အတူ ကျွန်မ၏ သိချင်စိတ်များလည်း တစ်ဖွားဖွားပေါ်လာခဲ့သည်။ ထို့ကြောင့်လည်း ကျွန်မဆက်နားထောင်နေလိုက်သည်။
"စနေနေ့က ငါကိုယ်တိုင် သူတို့၂ ယောက်ကို စားသောက်ဆိုင်တစ်ခုမှာ တွေ့လိုက်တာ"
"ဟဲ့ ဆောင်း နင်ကလည်း ၂ ယောက်တည်း တွေ့တာတော့ ထားပါတော့စားသောက်ဆိုင်ဆိုတာ လူတိုင်းသွားကြတာပဲလေ မဟုတ်ဘူးလားနင် တွေးတာများ--"
"ငါထင်တာ မမှားဘူးဟစနိုးက သူ့ကို ခွံကျွေးနေတာပါ တွေ့တယ် အဲ့လောက်သိသာနေတာကြီးကို..." ဟုတ်တာပေါ့။ စားသောက်ဆိုင်မှာ ၂ ယောက်တည်း သွားစားရုံတင်မကဘူး။ ခွံပါကျွေးနေတာဆိုတော့ တွေးတာလည်း မှန်နေတာပဲလေ။ ကျွန်မ စနိုးနဲ့ သူ့ကို မိတ်ဆက်ပေးပြီးကတည်းက နေ့တိုင်း ဒီအိပ်မက်ဆိုးတွေ မက်နေခဲ့တာ။ ဘယ်နေ့မှာ စနိုးနောက် သူပါသွားမလဲလို့ပေါ့။
"ဒါပေမယ့် ဟိုက စားလိုက်လို့လား" ဆိုပြီး တစ်ယောက်က မေးလိုက်သည်။ ထိုအမေး၏ အဖြေကို ကျွန်မလည်း သိချင်မိသည်။ သို့သော် ဆောင်းဆိုသည့် တစ်ယောက်မှာ တော်ရုံ မဖြေ။ကျွန်မလည်း စိတ်မရှည်သည်က တစ်မျိုး၊ သိချင်လွန်းအား ကြီးသည်က တစ်မျိုးကြောင့် စိတ်မထိန်းနိုင်ဘဲ
"သူ စားလိုက်လား စားလိုက်လားလို့ပြောနေတယ်လေ" လို့ ကျွန်မမေးလိုက်သည်။ ကျွန်မအမေးကို ထိုကောင်မလေး မဖြေခဲ့။ ကျွန်မလိုချင်သည့်အဖြေအစား ထူးဆန်းသည့်လူတစ်ယောက်အနေနဲ့ ကြည့်တာပဲ ခံလိုက်ရသည်။ ကျွန်မလိုချင်သည့်အဖြေကိုကား...
"ကိုယ့်ကို မေးသင့်တယ် မဟုတ်ဘူးလား မြူ" ဆိုသည့် ထက်ယံ၏ အသံက အစားထိုးသွားသည်။ ကျောင်းအားကစားကွင်း၏ ထောင့်တစ်နေရာတွင် တစ်ယောက်မျက်နှာ တစ်ယောက်လွဲကာ တူညီသော ဦးတည်ချက်ရှိရာ ဘတ်စ်ကတ်ဘောပွဲကို မျက်နှာမူလျှက် တိုင်တစ်လုံးစီကိုမှီထားသည့် ကျွန်မနှင့် ထက်ယံတို့၏ ပုံရိပ်သည် လှပသည့် ပန်းချီတစ်ခုအနေဖြင့် ထွက်လာကောင်း ထွက်လာနိုင်ပေမယ့် အမှန်သည်ကား ကျွန်မတို့ကြား တိုက်ခတ်လာသည့် လေအေးများကဲ့သို့အေးခဲလွန်းလှသည်။ ထိုအေးစက်မှုမှာလည်း ၃ မိနစ်လောက်ကြာခဲ့သည်။ ထိုအေးစက်မှုကို ဖြိုခွင်းသင့်သည်မှာ ကျွန်မဖြစ်သင့်သော်လည်း ကျွန်မအစား
YOU ARE READING
Bet On heart [ZAWGYI + UNICODE]
Romance[UNICODE] ကစားပွဲတိုင်းမှာ လောင်းကြေးဆိုတာ ရှိမှာပဲ... ဒီတော့ အချစ်ဆိုတဲ့ကစားပွဲအတွက် လောင်းကြေးက... နှလုံးသားပေါ့... ဒါပေမယ့်... အဲ့အချစ်ဆိုတာ ဘဝနဲ့ယှဉ်လို့ရတဲ့အရာ တစ်ခုလား အသက်ရလာရင် အချစ်ဆိုတဲ့အရာပေါ်မြင်တဲ့ အမြင်လည်း ပြောင်းလဲလာမှာတဲ့လား ဒီဇ...