[UNICODE]
ကျွန်မပြန်ရောက်သည်အထိ မာယာရုံးမရောက်သေးသည်ကို ကြည့်ရုံနှင့်မာယာနှင့် ကိုသွန်းခအတော်လေး အဆင်ပြေနေသည်ဟု ထင်မိသည်။
"ဝင်ခဲ့မယ်နော်" ဆိုသော စကားသံကြောင့် ကျွန်မအတွေးများအားလုံးပျောက်သွားခဲ့သည်။ ထိုအသံသည် ထက်ယံအသံနှင့် အတော်လေးဆင်သည်။ မြူအတွက် ၁၀ နှစ်ကြာသွားသည်တောင်ထက်ယံကို မေ့ဖို့ရန်မလွယ်ကူလှပေ။ မြူ၏တိတ်ဆိတ်နေမှုကြောင့် ဖြစ်မည်ထင်သည်။
"ကျွန်တော် ထက်ယံပါ မနေ့ညက တွေ့ခဲ့တယ်လေ"ဟု ဆက်ပြောလာသည်။ ဟုတ်ကဲ့။ ကျွန်မခဏမေ့သွားခဲ့သည်။ ယခု ကျွန်မရှေ့တွင်ပေါ်လာသည့်ထက်ယံမှာ ကျွန်မ၏ထက်ယံမဟုတ်။
"အင်း မှတ်မိပါတယ်" ဟု ကျွန်မလည်း ပြန်ဖြေခဲ့သည်။ သိပ်တော့ ဟက်ဟက်ပက်ပက်မရှိလှပေ။ ထက်ယံဆိုသော ကောင်လေးသည် ထိုနေ့ကနှင့် မတူလှပေ။ ထိုနေ့က အသက်ငယ်သူပီပီ ဝတ်ချင်ရာ ဝတ်ခဲ့သော်လည်း ယနေ့တွင် ထိုကဲ့သို့မဟုတ်ပေ။ သူနှင့်မတူလောက်အောင် မှောင်မိုက်နေသော အရောင်များဝတ်ထားသည်။ မျက်နှာလည်း သိပ်မကောင်းလှပေ။
"ကျွန်တော်ကို မကြိုဆိုဘူးထင်တယ်မ မျက်နှာက မှုန်ကုတ်နေတာပဲ" ဆိုပြီး စကားပြန်စလာသည်။ အမှန်ပင် ကျွန်မ သူ့ကို မကြိုဆိုပါ။ "မဟုတ်ပါဘူး" ဟုသာ လိမ်ခဲ့ရသည်။
"ကျွန်တော် မ ကို တွေ့ချင်လို့လာခဲ့တာ"
"တိုင်ပင်စရာရှိလို့လား"
"မဟုတ်ပါဘူး"
"ဒါဆိုလည်း ဘာလို့လာတာလဲ" ဟု ကျွန်မလည်း နှင်ထုတ်ချင်ဇောဖြင့် ပြောလိုက်မိသည်။
"ဒီလိုဆိုတော့လည်း တိုင်ပင်စရာရှိတယ်ပေါ့ဗျာ" ဆိုပြီး ကျွန်မစားပွဲရှေ့က ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ကျွန်မလည်း သက်ပြင်းတစ်ချက် ချကာ ကျွန်မနေရာ ကျွန်မပြန်ဝင်ထိုင်နေလိုက်သည်။
"ဒါဆိုလည်းပြောလေ" ဟု ကျွန်မမေးလိုက်သည်။
"ကျွန်တော်ရဲ့ အချစ်ရေးပါ မ"
"အင်း"
"ကျွန်တော် ကြိုက်တဲ့ကောင်မလေးက ကျွန်တော်ကို အာရုံမရှိလို့ မ"
![](https://img.wattpad.com/cover/151574718-288-k794043.jpg)
ВЫ ЧИТАЕТЕ
Bet On heart [ZAWGYI + UNICODE]
Любовные романы[UNICODE] ကစားပွဲတိုင်းမှာ လောင်းကြေးဆိုတာ ရှိမှာပဲ... ဒီတော့ အချစ်ဆိုတဲ့ကစားပွဲအတွက် လောင်းကြေးက... နှလုံးသားပေါ့... ဒါပေမယ့်... အဲ့အချစ်ဆိုတာ ဘဝနဲ့ယှဉ်လို့ရတဲ့အရာ တစ်ခုလား အသက်ရလာရင် အချစ်ဆိုတဲ့အရာပေါ်မြင်တဲ့ အမြင်လည်း ပြောင်းလဲလာမှာတဲ့လား ဒီဇ...