Who are you ?

1.6K 14 2
                                    

[UNICODE]

"ဟာ မြူက တကယ် မေ့သွားတာလား ဒါမှမဟုတ် မေ့ချင်ယောင်ဆောင်တာလား" ဟု ပြန်မေးသည့် ကိုသွန်းခအမေးသည် ကြောက်စရာကောင်းလွန်းလှသည်။

"မြူတကယ်မသိလို့ပါ ကိုသွန်းခ မြူတို့အရင်က သိကြလို့လားဟင်" ဟု ကျွန်မ မျက်နှာငယ်လေး ဖြစ်နေသည်ကို သတိထားမိလောက်အောင် စိတ်ပင်ပန်းလာသည်။

" အေးပေါ့လေ ကျွန်တော်ကလည်း အတော်ပြောင်းလဲသွားတာကို...
ထားလိုက်ပါတော့" ဟု စကားဖြတ်လိုက်သည်။ ထို့နောက် " မြူ မေ့နေပြီဆိုလည်း ထားလိုက်ပါလေ... " ဟု ပြောကာ ဆိုဖာပေါ်ခဏ ထိုင်ချလိုက်သည်။

"မြူ မေ့နေလည်း ပြောပြပါ ကိုသွန်းခ
မြူက ဒီလို..." မြူ့စကားကို ကိုသွန်းခက လိုက်ဖြည့်ပေးလိုက်သည်မှာ

" မြူက ဒီလိုရှိလည်းဖြစ် မရှိလည်းဖြစ်တွေ များနေပြီ ခေါင်းရှုပ်မခံချင်ဘူး...
လို့ပြောမလို့ မဟုတ်လား" ဟု မြူ့မျက်နှာကို တည့်တည့်ကြည့်လိုက်သည့် ကိုသွန်းခရဲ့ မျက်ဝန်းတစ်စုံကို မြူရင်းနှီးနေသည်။

"ဘာလဲ မြူ အခုကျတော့ သိချင်နေပြီတဲ့လား သိချင်သွားပြီတဲ့လား မြူရဲ့" ဟု ကျွန်မကို ခနဲ့သလို ပြောနေသည့် ကိုသွန်းခ၏အမူအရာများသည် အရင်ကတွေ့ဖူးသည့် ကိုသွန်းခနှင့် အရမ်းကွာခြားနေသည်မှာ ငြင်းမရသည့်အချက်ပါ။

သို့သော် ကျွန်မ ကိုသွန်းခဘယ်သူဆိုတာ ခန့်မှန်းမရ၊ ပုံရိပ်ဖော်မရသည်မှာလည်း အမှန်ပါ။ လက်ရှိအခြေအနေက ကိုသွန်းခ မပြောဘဲ ကျွန်မ သိနိုင်မှာ မဟုတ်။
" မြူ သိခွင့်ရမယ်ဆို သိချင်ပါတယ် ကိုသွန်းခ" ဟု ကျွန်မ အရဲစွန့်ကာ ပြောလိုက်သည်။
ထိုစကားကြားတော့ ကိုသွန်းခ မဲ့ပြုံးတစ်ချက် ပြုံးကာ " အချိန်တန်ရင် သိရမှာပေါ့ မြူရယ် ကျွန်တော် ဘယ်သူဆိုတာ..." ဟု ပြန်ဖြေလေသည်။

ကိုသွန်းခဘက်က တည်ငြိမ်နေသော်လည်း မြူ၏အတွင်းစိတ်ထဲနှင့် ဦးနှောက်ထဲတွင် အဆင်မပြေလှပါ...
စိတ်ထဲတွင် ကိုသွန်းခက သူများလားဟုလည်း...

"ထက်ယံ!" ဟု ကိုသွန်းခ တံခါးဖက်ကျောပေးထိုင်နေသည့် ကျွန်မကို ကျော်ကာ လှမ်းအော်လိုက်သည်။ ထို့ကြောင့် ကျွန်မလှည့်ကြည့်လိုက်တော့ အဟုတ် ထက်ယံရောက်နေသည်။

Bet On heart [ZAWGYI + UNICODE]Opowieści tętniące życiem. Odkryj je teraz