How cold we became

177 12 0
                                    

[UNICODE]
သို့သော် ကျွန်မတို့ကြား စနိုးစရောက်လာသည့်နေ့မှစကာ ကျွန်မတို့နှစ်ယောက်ကြား အဆင်မပြေတဲ့နေ့ရက်တွေရောက်လာတော့တာပါပဲ။

စနိုးသည် တခြားသူမဟုတ်ပါ။ ကျွန်မနှင့် ငယ်ငယ်ကတည်းက တစ်ခန်းတည်းအတူတူ တက်နေကြ အတန်းဖော်ဆိုလည်း ဟုတ်သလို ကျွန်မ၏ တစ်ဦးတည်းသော ကျွန်မကို နိုင်သည့် သူငယ်ချင်းဆိုလည်း မမှားခဲ့ပါ။ ကျွန်မသည် အမေတစ်ခု သမီးတစ်ခု ဘဝကဲ့သို့ပင် စနိုးမှာလည်း မိသားစု မပြည့်စုံပါ။ ထို့ကြောင့်လည်း ခင်ခဲ့ကြခြင်းဖြစ်သည်။ စနိုးသည် လေးတန်းအရွယ်လောက်ကပင် ချစ်သူရည်းစားထားခဲ့သူဖြစ်သဖြင့် ကျွန်မ ထက်ယံအကြောင်းကို ရင်ဖွင့်ခဲ့မိသည်။

ထိုအခါ စနိုးက

" ရူးလိုက်တာ မြူရယ် သူ့လိုလူက နင့်ကို ကစားနေတာပဲ ဖြစ်မှာပေါ့

ပြီးတော့ နင်က သူ့အကြောင်းဘယ်လောက်တောင်သိလို့လဲ" ဟု အပြစ်တင်သည်။ ထို့နောက် သူလူကဲခတ်ပေးမည်ဖြစ်သဖြင့် သူနှင့် မိတ်ဆက်ပေးရန် ပြောလေသည်။ ကျွန်မ မိတ်မဆက်ပေးချင်ခဲ့သော်လည်း... အခြေအနေဖန်လာတာကတော့

"ဟိတ် မြူ သူက ဘယ်သူလဲ" ဟု မသိကျိုးကျွံပြုကာ ကျွန်မနှင့် ထက်ယံ ကျောင်းစာသင်ခန်းမှ ကန်တင်းသွားချိန်ကို ကိုက်ကာ လာနှုတ်ဆက်သူမှာ စနိုးဖြစ်သည်။ ထို့နောက် ကျွန်မအဖြေကိုပင် မစောင့်

"ထက်ယံမလားတို့က မြူရဲ့ အတန်းဖော်ပါ"

"အော် ဟုတ်..." ထက်ယံအနား တိုးသွားပြီး

"ထက်ယံကို တို့အရမ်းသနားတာပဲ မြူလို အိမ်ကြောက်တစ်ယောက်နဲ့ ချစ်သူဖြစ်နေရလို့လေ"

"ကျွန်တော်အတွက် အဆင်ပြေနေတာပဲ" ဟု ထက်ယံ ပြန်ဖြေလိုက်တော့လည်း

"ထက်ယံလိုလူမျိုးက တို့လိုလူမျိုးနဲ့မှ လိုက်ဖက်တာလေ ထက်ယံတို့ကိုပြောင်းကြိုက်လိုက်ပါလား"

"မြူရှေ့မှာ မင်းဒီလိုမပြောသင့်ဘူး"

ဟုတ်ပါတယ်။ ထက်ယံပြောတာ အမှန်ပါ။ ကျွန်မကို အရှေ့မှာထားပြီး ဒီလိုအပြုအမူ ဒီလိုစကားတွေပြောခဲ့သည့် အရှက်မဲ့သောသူမှာ စနိုးပါ။ ကျွန်မ စနိုးအကြောင်း အရင်က သူများတွေပြောသံကြားခဲ့ဖူးသော်လည်း ဒီလောက်ဆိုးမည် မထင်ခဲ့ပါ။

Bet On heart [ZAWGYI + UNICODE]Donde viven las historias. Descúbrelo ahora