[UNICODE]
"မြူကိုသတိရလို့" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြူကို ဖက်ထားသည့် ကိုဝေယံတစ်ယောက်ကို မြူမရုန်းနိုင်ခဲ့ပါ။ မဟုတ်ဘူး မရုန်းချင်ဟုဆိုလျှင် ပိုမှန်မည်။ "ဆောရီး မြူ ကိုယ်စည်းကျော်သွားတယ်" ဆိုပြီး မြူကို တွန်းထုတ်ကာ ပြန်တောင်းပန်နေပြန်သည်။ ပြီးတော့ သူ့မျက်လုံးတွေ... သူ့မျက်လုံးတွေကို မြူနားမလည်ပါ။ တစ်ခုခုကို ဆုံးရှုံးရမှာ ကြောက်နေတဲ့ မျက်လုံးတွေ... ဒီမျက်လုံးတွေရဲ့ အဓိပ္ပာယ်ကို မြူသိချင်နေမိသည်။
"မြူ ထီးပါလား" ဟု ကိုဝေယံမေးလိုက်သည်။"မပါဘူး ကိုဝေယံ" လို့ မြူပြန်ဖြေခဲ့သည်။ သို့သော် တကယ် ထီးမပါသည်မျိုး မဟုတ်ဘဲ ကိုဝေယံလာကြိုမည်ဖြစ်သောကြောင့် မာယာအား ထီးငှားလိုက်ခြင်းကို မပြောဖြစ်တော့ပါ။
"ဘာလုပ်တာလဲ" ကျွန်မရှေ့တွင် ဝတ်ထားသော ခေါင်းစွပ်အင်္ကျီ နက်ပြာကို ချွတ်လိုက်သည့် ကိုဝေယံကို အလန့်တကြားအော်လိုက်မိခြင်းဖြစ်သည်။ "ထီးမပါဘူးဆို ဒီတိုင်းသွားရင် မြူနေမကောင်းဖြစ်မှာပေါ့" ဟုဆိုကာ ကျွန်မခေါင်းပေါ် သူ့အင်္ကျီတင်လိုက်သည်။ ထို့နောက် ရုံးအောက်အထိ ပြေးဆင်းကာ ကားရပ်ထားသည့်နေရာအထိ ကျွန်မကို ဖက်ကာခေါ်သွားခဲ့သည်။ ကိုဝေယံသည် ဒီနေ့အလွန်ထူးခြားလှသည်။ ခေါင်းစွပ် နက်ပြာလေးနှင့် ကွာတားဘောင်းဘီ အဖြူလေးနှင့် ကလေးလေးတစ်ယောက်လိုဖြစ်နေသည်။ သို့သော် ကျွန်မတစ်ခါမှ မထင်ခဲ့သည်မှာ ကိုဝေယံမှာ ယခုကဲ့သို့စွဲမက်ဖွယ်ရာ ဘော်ဒီတောင့်တောင့်တင်းတင်း ရှိနေခဲ့တာကိုပဲ။ ကျွန်မဝန်ခံပါသည်။ ကျွန်မလည်း တခြားမိန်းကလေးများကဲ့သို့ ရင်ခုန်မိချင်သည်။ ကျေနပ်နေချင်သည်။ ပီတိဖြစ်မိချင်သည်။ သို့သော် ကျွန်မအတွက်တော့ စိုးရိမ်စိတ်ပူမိနေခြင်းဖြစ်သည်။
တစ်ယောက်ယောက်များ ကျွန်မတို့ကို တွေ့သွားမလားလို့ပေါ့။ ကျွန်မနှင့် အပေါ်ဗလာကျင်း ဖြစ်နေသည့် ကိုဝေယံကို အတူတွေ့လိုက်ရင် တခြားသူတွေ ဘယ်လိုထင်လိုက်ကြမလဲ။ ကျွန်မကို ပတ်ဝန်းကျင်က အထင်အမြင် သေးကြမှာလား။ ထို့ပြင် ကျွန်မကိုသာ တစ်ယောက်ယောက်တွေ့သွားပြီး သတင်းပျံ့သွားရင် ဘယ်လိုဖြေရှင်းရမလဲ။ စသဖြင့်ကျွန်မ စိတ်ထဲအမျိုးမျိုးတွေးကာ ဒါတွေကို ကြိုမတွေးတဲ့ ကိုဝေယံကိုပင် ကြိတ်ပြီး အပြစ်တင်နေမိသည်။ ကျွန်မအတွက် အခုအခြေအနေက ရင်ခုန်ဖွယ်ကောင်းတာမျိုး မဟုတ်ဘဲကြောက်လန့်စရာကောင်းတဲ့ အိပ်မက်တစ်ခုပါ။ထိုအိပ်မက်မှ နိုးထလာခဲ့သည်မှာ ကိုဝေယံကားထဲရောက်ပြီးမှပါ။
![](https://img.wattpad.com/cover/151574718-288-k794043.jpg)
YOU ARE READING
Bet On heart [ZAWGYI + UNICODE]
Romance[UNICODE] ကစားပွဲတိုင်းမှာ လောင်းကြေးဆိုတာ ရှိမှာပဲ... ဒီတော့ အချစ်ဆိုတဲ့ကစားပွဲအတွက် လောင်းကြေးက... နှလုံးသားပေါ့... ဒါပေမယ့်... အဲ့အချစ်ဆိုတာ ဘဝနဲ့ယှဉ်လို့ရတဲ့အရာ တစ်ခုလား အသက်ရလာရင် အချစ်ဆိုတဲ့အရာပေါ်မြင်တဲ့ အမြင်လည်း ပြောင်းလဲလာမှာတဲ့လား ဒီဇ...