[UNICODE]
သို့သော် ကျွန်မယုံကြည်ခဲ့သည်မှာ မှားနေသည်။ ထက်ယံနှင့် ကျွန်မ...
"အိပ်နေပြီလား" ဆိုသည့်စကားသံလေးနဲ့အတူ ကျွန်မ သူ့ဖုန်းကိုင်လိုက်မိသည်။
သို့သော် ကျွန်မ တိတ်ဆိတ်ခြင်းကို ရင်ဝယ်ပိုက်ထားသည်။
"ငါ... "
သူ့ဘက်က ပြောဖို့တွံ့ဆုတ်နေသည်ကို သတိထားမိသောကြောင့်
" ပြောလေ..." ဟု ကျွန်မပြောခွင့်ပေးလိုက်သည်။
"ငါ... ငါလက်ထပ်တော့မယ်" တဲ့လေ။
"ဖိတ်စာပို့လိုက်လေ" ဟု နှုတ်က အလိုလိုထွက်သွားသော်လည်း ရင်ဘတ်ထဲကတော့ နာသည်။
" ငါ နောက်ဆုံးအနေနဲ့ နင့်ကို နှုတ်ဆက်ချင်လို့ပါ" တဲ့လေ။
ကျွန်မ နှုတ်ဆိတ်နေသောကြောင့် သူကိုယ်တိုင်ပဲ ဆက်ကာ
" ငါနင့်ကို တကယ်ချစ်ခဲ့တာပါ ဝက်ဖြူလုံးလေးရယ်" ဟုဆိုပြီး ဖုန်းချသွားခဲ့သည်။
ကျွန်မလည်း ပြောစရာရှိနေသည်ကို သူမသိလေ။
ချိုမြိန်တဲ့အချစ်တစ်ခု ဖန်ဆင်းပေးခဲ့တာ ကျေးဇူးတင်ပါတယ်...
ခါးသက်တဲ့ အမုန်းတွေ လက်ဆောင်ပေးခဲ့တာလည်း ကျေးဇူးတင်ပါတယ်...
နာကြဉ်စရာ ဒဏ်ရာတွေနဲ့ ထားခဲ့ပေးတာလည်း ကျေးဇူးတင်ပါတယ်...
နောက်ဆုံးအနေနဲ့ နင့်ဘဝထဲ ပေးမဝင်ခဲ့တာကို အထူးကျေးဇူးတင်ပါတယ်...
နောက်ပြီး နောက်ဆုံးချိန်အထိ ဝက်ဖြူလုံးလေးဆိုပြီး ချစ်စနိုးခေါ်ပေးတာကိုရောပေါ့။
ခက်တာက ဒီစကားတွေကို ထက်ယံမသိလိုက်ခဲ့ဘူး။ သိအောင်လည်း ကျွန်မဘက်က ပြောခွင့်မရလိုက်ဘူး။ ဒါတွေက အမေနောက်အိမ်ထောင်ပြုမည်ကို ဆန့်ကျင်ခဲ့လို့ ရတဲ့ အပြစ်ဒဏ်တွေပဲလားဟု စိတ်ထဲ အကြိမ်ကြိမ် မေးနေမိပြီး ကျွန်မဘဝတွင် သိမ်းထားခဲ့တာကြာပါပြီ။
=================================================================
"အမေနဲ့တော့ အနည်းဆုံး တိုင်ပင်သင့်တယ် မဟုတ်ဘူးလား" ဆိုသည့် အမေ့အမေးကို
YOU ARE READING
Bet On heart [ZAWGYI + UNICODE]
Romance[UNICODE] ကစားပွဲတိုင်းမှာ လောင်းကြေးဆိုတာ ရှိမှာပဲ... ဒီတော့ အချစ်ဆိုတဲ့ကစားပွဲအတွက် လောင်းကြေးက... နှလုံးသားပေါ့... ဒါပေမယ့်... အဲ့အချစ်ဆိုတာ ဘဝနဲ့ယှဉ်လို့ရတဲ့အရာ တစ်ခုလား အသက်ရလာရင် အချစ်ဆိုတဲ့အရာပေါ်မြင်တဲ့ အမြင်လည်း ပြောင်းလဲလာမှာတဲ့လား ဒီဇ...