Created the Game

1.5K 26 0
                                    

[UNICODE]

"ငါ့ဘဝမှာ ရှိလည်းဖြစ် မရှိလည်းဖြစ် အရာတွေ သိပ်များလွန်းတယ်...

ဒါကြောင့် နင့်ကိုပါ ဒီစာရင်းထဲမသွင်းချင်ဘူး"

မိုးစက်တွေကြား မျက်ရည်တွေကို တတ်နိုင်သလောက် ဖုံးထားရင်း ထက်ယံကို လှမ်းပြောလိုက်သည်။ မိုးစက်တွေကြားထဲက ကျနေတဲ့ မြူရဲ့ မျက်ရည်တွေကို ထက်ယံရှာတွေ့သည်မှာ အမှန်ပင်။ သို့သော် သုတ်ပေးရန် ဆန္ဒမရှိခဲ့ပါ။ ထိုမျက်ရည်များသည် မြူမသိစေချင်သောဖြစ်ရပ်တွေကြောင့် ကျလာခြင်းဖြစ်သည်ကို သိနေသောကြောင့် ဖြစ်သည်။ မေးလျှင်လည်း မြူဖြေမည်မဟုတ်သည်ကို သိနေသောကြောင့်လည်း ဖြစ်မည်။ အတွေးကိုယ်စီနဲ့ မျက်နှာချင်းဆိုင်ရပ်နေသော မြူနှင့် ထက်ယံတို့တွင် ကိုယ်စီဇာတ်လမ်းလေးတွေ ရှိနေသလို...

ကိုယ်စီရွေးချယ်မှုတွေ ရှိနေသည်။ သို့သော် ဒီရွေးချယ်မှုကြောင့် ထိုသူနှစ်ဦး ဝေးကွာသွားခဲ့မည်ကို ကြိုသိခဲ့ကြမည် မထင်ခဲ့ပါ။

-၁၀ နှစ်ကြာသော်-

"မြူ နင်လည်း မကြာခင်မှာ ထိပ်စည်းပြောင်းတော့မယ်လေ နင်လက်တွဲဖော်မရှာတော့ဘူးလား တစ်သက်လုံး အပျိုကြီးလုပ်တော့မလို့လား" ဆိုပြီး ကျွန်မ၏ အလုပ်ပါတနာ မာယာက ကျွန်မအား လှမ်းပြောလိုက်ခြင်းဖြစ်သည်။

"အေးဟယ်"

ကျွန်မလည်း အင်း...မလုပ် အဲ... မလုပ် ဒီအတိုင်း ပြန်ဖြေပေးလိုက်သည်။

"ဒီလိုလုပ်ပါလား နောက်အပတ် ငါတို့ အုပ်စုလိုက် မိတ်ဆက်ပွဲလုပ်ဖို့ရှိတယ် နင်လည်း လိုက်ခဲ့ပါလား..."

ကျွန်မခေါင်းခါမည်ကို ကြိုသိနေသော မာယာက တစ်ခါတည်း စကားလမ်းကြောင်းပိတ်ပြီး

"လက်တွဲဖော်မဟုတ်တောင် စိတ်ပြေလက်ပျောက်ပေါ့ ပြောမရဘူး ငါတို့အတွက် ပါတနာအသစ်ရှာနေတာတောင် အဲ့ကနေရနိုင်သေးတယ်" ဟုဆိုသည်။

ဒီစကားကြောင့် ကျွန်မ ဒီပွဲကို လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ကျွန်မကို ဆွဲဆောင်လိုက်သော စကားမှာ "လက်တွဲဖော်"လည်း မဟုတ် "စိတ်ပြေလက်ပျောက်" ဆိုသည့်အကြောင်းကြောင့်လည်း မဟုတ်။ "ပါတနာအသစ်"ဆိုသည့် စကားပင်။ ဟုတ်ပါတယ်၊ ကျွန်မတို့ လုပ်ငန်းအတွက် ပါတနာအသစ်တစ်ယောက် လိုနေလေသည်။ ကျွန်မ မြူသံစဉ်...အသက် ၂၃ နှစ် လူသက်တမ်းက ၆၀ ဆိုရင် ကျွန်မက ၃ ပုံ ၁ ပုံ ဖြတ်သန်းပြီးပြီဟု ဆိုနိုင်သည်။

Bet On heart [ZAWGYI + UNICODE]Where stories live. Discover now