Unforgotable moment

250 14 0
                                    

[UNICODE]

ကျွန်မနှင့် ထက်ယံ အဆက်အသွယ်မရတာ ၁ ပတ်လောက်ကြာခဲ့ပါပြီ။ ဟုတ်ပါတယ်။ တစ်ပတ်လုံးလုံး ထက်ယံ ကျွန်မရှေ့ မပေါ်လာခဲ့သလို ဘာအဆက်အသွယ်မှလည်း မလုပ်ခဲ့ဘူး။ ကျွန်မဘက်က ရူးမိုက်စွာ လိုက်ရှာချင်မိလောက်သည်အထိ ကျွန်မကို အဆက်အသွယ်ဖြတ်ထားခဲ့သည်။ ကျွန်မ... ကျွန်မ မာနတွေကိုပါ ခဝါချပြီး ကျွန်မဘက်ကစပြီး... ကျွန်မအတွေးများအားလုံးရပ်တန့်သွားခဲ့သည်။ ကျွန်မအခန်းတံခါးကို အပြင်က တစ်ခုခုဖြင့် ပစ်နေသည့် အသံကြောင့်။ ကျွန်မထွက်ကြည့်လိုက်တော့ "ထက်...ယံ..." ကျွန်မတို့အိမ်မှာ ၂ ထပ်တိုက်ဖြစ်သလို ကျွန်မအခန်းမှာလည်း အပေါ်ဆုံးထပ်ပါ။ ထို၂ ထပ်တိုက်အပေါ်ထပ် ပြတင်းပေါက်နားမှ ထွက်ကြည့်နေသည့်ကျွန်မကို မခိုးတရို့ဖြင့် စောင့်ကြည့်နေသည့် မျက်လုံးများ၏ပိုင်ရှင်မှာ...ထက်ယံဖြစ်နေသည်။ ဒါပေမယ့် ဘာကြောင့်လဲ... ကျွန်မကို ၁ ပတ်လောက် အဆက်အသွယ်ဖြတ်ခဲ့သည့်သူက ရုတ်တရက်ကြီး... အခုလိုမျိုး... ကျွန်မအိမ်ရှေ့မှာ ပေါ်လာရသည့် အကြောင်းအရင်းကိုလည်း သိချင်မိသည်။ ကျွန်မကို လက်ဟန်ခြေဟန်ဖြင့် ခဏအောက်ဆင်းလာဖို့ ပြောလိုက်သည်။ ကျွန်မလည်း သွားမယ် မသွားဘူး အကြိမ်ကြိမ် တွေးနေမိသည်။ သို့သော်ဆုံးဖြတ်ချက်မှာ ကျွန်မတကယ်လိုချင်သည့်အရာ ဖြစ်ကောင်း ဖြစ်လိမ့်မည်။

"မြူ" သူကျွန်မကို ခေါ်လိုက်သည်။ ကျွန်မ နှုတ်ဆိတ်နေခဲ့သည်။

"ဟိုနေ့က ကိုယ်တော်တော်လွန်သွားခဲ့တယ် ကိုယ်..."

"ဒီကိစ္စကို ပြောဖို့ဆိုရင် ပြန်လိုက်ပါတော့"

"ခဏလောက်.... ကိုယ့်ကိုရှင်းပြခွင့်တော့ ပေးသင့်တယ် မဟုတ်ဘူးလား ကိုယ်..." "ကောင်းပြီလေ"

"မနက်ဖြန် ကျောင်းအပြန်အချိန်ခဏပေးနိုင်မလား"

"အင်း..." ကျွန်မ အိမ်ကို ဘယ်လိုပြောရမလဲဆိုတာမျိုးမစဉ်းစားတော့ဘဲ ဖြေလိုက်မိသည်။ ကျွန်မကိုယ်တိုင်ကလည်း သူ့ကို အရမ်းတွေ့ချင်နေတာလည်း ဖြစ်နိုင်လိမ့်မည်။

"မြူသောက်ချင်တဲ့ ကြေးအိုးအတူသွားသောက်ကြမယ်လေ"

"အင်း..."

Bet On heart [ZAWGYI + UNICODE]Where stories live. Discover now