It was my fault

227 10 0
                                    

[UNICODE]

ထိုနေ့... ချိန်းထားသည့်နေ့က ကျွန်မမသွားဖြစ်ပါ။ အမှန်တိုင်း ပြောရရင် မသွားနိုင်ခဲ့ပါ။

"စနိုး" ကျွန်မကိုယ် ကျွန်မ မယုံကြည်နိုင်လောက်အောင် ကျွန်မဘက်က လှမ်းခေါ်လိုက်မိသည်။ စနိုးကို စကားမပြောချင်လောက်အောင် ဖြစ်နေပေမယ့် ကျွန်မနှင့် ထက်ယံအကြောင်းကို လူတွေသိနေမှာကို ကြောက်နေသည့် ကျွန်မ၏ မသိစိတ်က ချလိုက်သည့် ဆုံးဖြတ်ချက်ကို ကျွန်မ ငြင်းမရခဲ့ပါ။

"ထက်ယံကို ပြောပေးပါ ဒီနေ့ မြူမလာဖြစ်တော့ဘူးလို့"

"ထက်ယံက သနားဖို့ကောင်းတယ်နော် ဒါကြောင့်လည်း သူကပြောတာ မြူလိုလူမျိုးကိုမှ သူဘာလို့ချစ်မိလဲမသိဘူးတဲ့" စနိုး၏ မဲ့ပြုံးနဲ့ပြောလိုက်တာကြောင့်လည်း ဖြစ်နိုင်သလို မြူအကြောင်းကို တခြားတစ်ယောက်ကိုပြောပြတယ်၊ ရင်ဖွင့်တယ်ဆိုတာ သိလိုက်ရလို့လည်း ဖြစ်နိုင်လိမ့်မည်။

"ဘာပဲဖြစ်ဖြစ် ထက်ယံကိုပြောပေးပါ" စနိုးကို ကျွန်မ တောင်းဆိုလိုက်သည်။ သို့သော် စနိုးဘက်မှ မတုန်မလှုပ်ပါ။ "ပြော...လိုက်..ပါ့မယ်" ဟု စနိုးဘေးက ကောင်လေးတစ်ယောက်က ဝင်ပြောသည်။ ထိုသူမှာ.. ထက်ယံဘေးမှာ ထိုင်နေကြ မျက်မှန်နှင့် ကောင်လေးဖြစ်သည်။ သို့သော် နာမည်ကား မြူမသိပါ။ ထို့ကြောင့်လည်း ကျွန်မ ဘာမှမပြောဘဲ စိတ်ချထားလိုက်သည်။ သို့သော် အခြေအနေကား ကျွန်မ ထင်သလို မဖြစ်ခဲ့ပါ

"မနေ့က ဘာလို့မလာတာလဲ" ဆိုသည့် မေးခွန်းနှင့်အတူ ဒေါမောတကြီး မြူဆီပြေးလာသည့် ထက်ယံတစ်ယောက်။

"မြူ မလာနိုင်ဘူးဆိုတာ ပြောခိုင်း..."

"မင်းမလာနိုင်ရင်တောင် မင်းကိုယ်တိုင် လာပြောသင့်တယ် မဟုတ်လား" ကျွန်မစကားတောင် ဆုံးအောင် နားမထောင်နိုင်သည့် ထက်ယံရင်ထဲက မီးတွေကို မြူဘယ်လိုမှ ငြိမ်းနိုင်မှာမဟုတ်သလို။ ငြိမ်းပေးဖို့လည်း မကြိုးစားမိပါဘူး။ ငြိမ်းပေးမည့်အစား ကျွန်မ အောက်စီဂျင်သာ လွတ်ခဲ့သည်ဟု ဆိုနိုင်မည်။

"အဲ့လောက်ထိလိုလို့လား ထက်ယံ"

"ဘယ်လို"

Bet On heart [ZAWGYI + UNICODE]Donde viven las historias. Descúbrelo ahora