Meet the Players

516 24 0
                                    

[UNICODE]

အဆင်ပြေနေသည့် မာယာတို့လည်း မျက်နှာပျက်သွားကြသည်။ ထို့အတူ ကျွန်မလည်း ဒေါသနည်းနည်းတော့ ထွက်သွားသည်။

"မင်းကလည်းကွာ စကားပြောတာ ဆင်ခြင်မှပေါ့"

"ကျွန်မတို့က အတွေ့အကြုံရှိပါတယ်လို့လည်း မပြောနေပါဘူး။ ကျွန်မတို့က လူတွေရဲ့ အခက်အခဲတွေကို နားထောင်ပေးတယ်။ သူတို့ရင်ဖွင့်တာတွေကို နားထောင်ပေးတယ်။ သူတို့ပြဿနာကို ဖြေရှင်းနိုင်ချင်မှ ဖြေရှင်းနိုင်မယ်။ ဒါပေမယ့် သူတို့လည်း အနည်းဆုံးတော့ စိတ်သက်သာရာရတာပေါ့"

ကျွန်မသူ့ကို စကားမပြောချင်ပေမယ့် ပြောပြလိုက်သည်။ အမှန်ပင် ကျွန်မတို့ကို မယုံကြည်သည့်လူတစ်ယောက်အား ကျွန်မတို့အလုပ်အကြောင်း ရှင်းပြလိုက်သည်။ ကျွန်မတို့ကို သိတောင်မသိထားသည့် လူတစ်ယောက်ကို ဒီလောက်အထိ မပြောသင့်သည်ကို သိသော်လည်း ကျွန်မ စိတ်မထိန်းနိုင်ခဲ့...

"ဒါဆို ခင်ဗျားတို့က လူတွေကို လိမ်တာပေါ့"

"ဘာပြောတယ်"

ကျွန်မ စိတ်တိုတိုနဲ့ ထရပ်လိုက်မိသည်။

"အဲ့လောက်ထိ စိတ်ဆိုးဖို့လိုလို့လား" ဟု ခနဲ့စကားဆိုပြန်သည်။

"ရှင်ပြောနေတဲ့စကားတွေ ရှင်ပြန်နားထောင်ကြည့်လေ။ ရှင်ဆိုရင်ရော ဒီလိုစကားတွေကို မတုန်မလှုပ်နားထောင်နိုင်မယ်ထင်လား"

"မင်းနေရာမှာဆိုရင်လား (ခဏတာ သူ စဥ်းစားဟန်ပြုပြီး) ငြိမ်ပြီး နားထောင်နေလိုက်မှာပေါ့"ဟု ပြန်ဖြေလိုက်သည်။

"ဘယ်လို" ဟု ကျွန်မ အံ့သြမှင်သက်စွာ မေးခွန်းထုတ်လိုက်မိသည်။

သူဘယ်လိုလူမျိုးလဲ။ ဒီလိုပြန်ပြောတယ်ဆိုတာ တစ်ခုတည်းနှင့် တော်တော်လွန်နေပြီ။

"မင်းက အကြံပေးဆို မင်းကိုယ်တိုင်တောင် ဒီလိုစိတ်မထိန်းနိုင်ဘူးဆိုရင် မင်းကိုလာအကြံတောင်းတဲ့လူတွေကိုဘယ်လိုအကြံပေးမှာလဲ"

ကျွန်မရှက်လိုက်တာလေ... သူပြောတာအမှန်ပဲ။ ကျွန်မက စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ရမယ်ဆိုတဲ့အချက်ကို ခဏမေ့သွားခဲ့သည်။ ဒါကြောင့်လည်း ကျွန်မ ပြန်ထိုင်လိုက်သည်။ နောက် သူ့ကို မကြည့်ဖြစ်အောင် မျက်လုံးချင်းမဆုံမိအောင် ကြိုးစားပြီး ခေါင်းငုံ့နေခဲ့သည်။

Bet On heart [ZAWGYI + UNICODE]Donde viven las historias. Descúbrelo ahora