ကျောင်းဆင်းတာ နာရီဝက်လောက်ရှိနေပြီ ပြန်ချင်နေပြီဆိုပေမဲ့ စစ်လက်စစာအုပ်တွေရှိနေသေးသည်
ခါတိုင်းလည်းစာစစ်ပြီးမှပြန်နေကျဆိုပေမဲ့ ကျောင်းမဆင်းခင်နာရီဝက်လောက်ကတည်းက အိမ်ပြန်သွားတဲ့ Papaကြောင့် စိတ်ပူနေပြီး အိမ်ပြန်ချင်နေသည်
Ashi ပူတူးရဲ့အမှတ်တွေPapaသိပြီးကတည်းက ကာယကံရှင်ပူတူးတော့မသိ ကျွန်တော်ကတော့ ထိုင်မရထမရပေ
နေ့လည်ထမင်းစားချိန်မှာ ပူတူးကိုစိတ်ပူလို့သွားကြည့်တော့ ကိုယ်တော်လေးက Kyungsooတို့နဲ့ ပွဲတော်တည်နေလေရဲ့
ကိုယ်ကသာမစားနိုင်မသောက်နိုင်ဖြစ်နေတာ သူကတော့စားသောက်ကောင်းနေလိုက်တာ
အခုချိန် Papa ပူတူးကိုဆူများဆူနေပြီလား ရိုက်များရိုက်နေပြီလား
ပူတူးဆူခံထိလို့ငိုနေပြီလား
Papaလိုက်ရိုက်လို့ ထွက်ပြေးနေရပြီလား
ပူတူးကိုPapaဆူရင် Papaဒေါသကိုသိတဲ့ Maကလည်းဝင်ဆွဲရဲမည်မဟုတ်
အိမ်ကOmmaဆီဖုန်းဆက်ပြီး လှမ်းတားခိုင်းရအောင်လည်း မဖြစ်သေး
Arr မရတော့ဘူး စစ်ရမဲ့စာအုပ်တွေ ညပူတူးကိုစာပြရင်းမှစစ်တော့မယ်
မနေနိုင်တော့တဲ့အဆုံး စစ်ရမဲ့စာအုပ်တွေကောက်သိမ်းတော့သည်
"Park Samပြန်တော့မလို့လား"
"ဗျာ ဟုတ်ကဲ့"
စလာပြီ Shim Samရဲ့ ချိုအီမွှေးနေတဲ့စကားတွေ
"အယ် အစောကြီးရှိသေးတာကို~~"
"ဟုတ်ကဲ့ Appaလှမ်းခေါ်ထားလို့ဗျ"
ကန်တော့ပါ Appaရေ Appaကယ်မှ ကျွန်တော်လွတ်မှာမို့ပါ
"ဟုတ်လား"
"ဟုတ်ကဲ့ အဲ့ဒါဆို ကျွန်တော့်ကိုခွင့်ပြုဦးနော် နောက်ကျနေမှာစိုးလို့"