အောက်က noteလေးကိုဖတ်ပေးကြပါလို့ တောင်းဆိုပါတယ်နော်
Start➡➡
"Yeol နင့်ကလေးကအခုထိမလာသေးဘူးလား"
"အေး ဟုတ်သား ကြာလိုက်တာ ငါခဏ သွားကြည့်လိုက်ဦးမယ်""အေး"
Yŭkìနဲ့စကားပြောကောင်းနေတာ ပူတူးရောက်မလာသေးတာတောင်သတိမထားမိတဲ့အဖြစ်
"ပူတူးရေ ပူတူးရေ"
Tioletထဲဝင်ပြီးရှာတော့လည်းမတွေ့ သေချာအောင်တစ်ခုချင်းဆီတံခါးဖွင့်ကြည့်တော့လည်းမရှိ
ဖုန်းဆက်တော့လည်းမကိုင်ဘူး
"Yeol ကလေးရော"
"မရှိဘူး ဖုန်းလည်းမကိုင်ဘူး"
"ဟေ ဒုက္ခဘဲ နေဦး ငါမေးကြည့်လိုက်မယ်"
Waiterတစ်ယောက်ကိုခေါ်ပြီးမေးကြည့်တော့ Tioletကနေထွက်လာပြီး ကျွန်တော်တို့နှစ်ယောက်ကိုကြည့်ကာ မျက်ရည်တွေဝိုင်းပြီးထွက်သွားတယ်တဲ့
ဟင်း အဲ့လောက်ဆို သေချာပြီ Yŭkìနဲ့ သဝန်တိုသွားပြီနေမှာ
"Yeol ငါ့ကြောင့်မလား mianhae"
"ရပါတယ် ကဲ နင်လည်း နင့်ယောက်ျားကိုဆက်စောင့်နေလိုက်တော့ ငါလည်း ကောက်တေးလေးကို သွားချော့လိုက်ဦးမယ်"
"အင်း ငါရှင်းပြဖို့လိုတယ်ဆိုလည်း ပြောနော်"
"အေးပါ"
အခုတလော ပူတူးဘာဖြစ်နေမှန်းမသိ အရမ်းတွေသဝန်တိုလာသလိုပင် သဝန်တိုတာက ကိုယ့်ကိုချစ်လို့ဆိုပေမဲ့ အလွန်အကျွံကျတော့ သိပ်အဆင်မပြေတော့ပေ
လွန်ခဲ့တဲ့နှစ်ပတ်ကလည်း တစ်ဖက်က လုပ်ငန်းရှင်တွေနဲ့တွေ့နေတုန်း ပူတူးရောက်လာကာ ငိုယိုသောင်းကျန်းသဖြင့် တစ်ဖက်ကသူဌေးကို မနည်းတောင်းပန်လိုက်ရသည်
ဟိုတလောကလည်း ကျောင်းက ဆရာမတစ်ယောက်နဲ့ အထင်တွေလွဲကာ မစားနိုင်မသောက်နိုင်တွေဖြစ်ပြီး အားဆေးသွင်းရသည်အထိ