"Lee Daeyung Byun Baekhyun Kim Hanmin မတ်တပ်လေးရပ်စမ်းပါဦး"
ခပ်မာမာထွက်လာတဲ့ ကျွန်တော်ရဲ့ခေါ်သံအဆုံးမှာ မတ်တပ်ရပ်လာကြတဲ့ ကလေးသုံးယောက်
အဲ့သုံးယောက်ထဲက နောက်ဆုံးမရောက်တစ်ရောက်နားမှာ ထိုင်နေတဲ့ ပူတူးကို စိုက်ကြည့်လိုက်တော့ သူ့အပြစ်ကို သူသိစွာခေါင်းလေးငုံ့သွားရှာတယ်
"ကဲ မင်းတို့၃ယောက် final examက နှစ်လဘဲလိုတော့တယ် မင်းတို့ရဲ့pretestအမှတ်လေးတွေကြည့်စမ်း ဟမ် စုတ်ပြတ်နေတာဘဲ"
ဒေါသထွက်နေတာနဲ့ညီစွာ ထွက်လာသောစကားတွေကမချိုသာတော့ပေ
"အောင်ရုံလောက်လေးနဲ့မင်းတို့ဘာလုပ်လို့ရမှာလဲ ဟမ် ဟုတ်တယ်မင်းတို့အခုမှအထက်တန်းဒုတိယနှစ်ဘဲရှိသေးတယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ မကြာခင် နောက်ဆုံးနှစ်ကိုရောက်တော့မယ် အခုလိုပုံစံမျိုးလုပ်ကြည့်ပါလား မင်းတို့မအောင်ဘူးဆိုတာ ငါရဲရဲကြီး အာမခံရဲတယ်"
တစ်တန်းလုံးတိတ်ဆိတ်စွာ ကျွန်တော့်ရဲ့ဆူပူမှုကိုနားထောင်နေကြတယ်
"ကဲ ဟုတ်ပြီ အခုမင်းတို့ရဲ့မဖြစ်စလောက်အမှတ်တွေနဲ့အောင်သွားပြီဘဲထားပါဦး ဘယ်တက္ကသိုလ်တက်ကြမလဲ ဘာသွားလုပ်စားကြမလဲ မင်းတို့တွေအမေတွေအဖေတွေကိုအားမနာကြဘူးလား သူတို့မှာ ကိုယ့်ရဲ့သားသမီးလေးရဲ့ပညာရေးအတွက်ဆိုပြီး မစားရက်မသောက်ရက် ကျူရှင်တွေပို့ ကျောင်းတွေပို့နဲ့ မင်းတို့က တစ်ရက်တစ်ရက် ကျောင်းလေးလာတက်လိုက် အချိန်တန်ရင်ပြန်သွားလိုက်နဲ့ ဂလေရိုက်နေကြတာ မင်းတို့ကျောင်းတွေကျူရှင်တွေမတက်ချင်ဘူး မိဘတွေထားလို့သွားနေရတာဆိုလည်း ငါ့ကိုပြော ငါပြောပေးမယ် ဒီလိုမျိုးပုံစံနဲ့တော့ မိဘတွေရဲ့မျှော်လင့်ချက်တွေကိုရိုက်မချိုးနဲ့ ကြားလား"
"Nae"
"ဟိုသုံးယောက်ကိုဘဲပြောနေတာမဟုတ်ဘူး တစ်တန်းလုံးကိုပြောနေတာ မင်းတို့တစ်တန်းလုံးဒီတစ်ခေါက် pretestအမှတ်တွေတစ်ယောက်မှအားမရဘူး အဆိုးဆုံးကတော့ ဟိုသုံးယောက်ပေါ့"