"ပူတူးရေ"
"သားငယ်လေးက သူ့အဒေါ်အိမ်သွားတယ် ဒီနေ့အဲ့အိမ်မှာအိပ်မှာတဲ့လေ သားကြီးကိုပြောမသွားဘူးလား"
မားရဲ့စကားအဆုံး Chanyeol တစ်ယောက် သက်ပြင်းချမိတော့တယ်
ဟိုတစ်နေ့ကတည်းက သူ့ကိုအော်ပါတယ် ဆိုသော အကြောင်းပြချက်နှင့် ပူတူးသူ့ကိုစိတ်ကောက်နေသည်မှာ ၄ရက်ရှိပြီ
ကျောင်းမှာ မျက်နှာချင်းဆိုင်တွေ့ရင်လည်း ရုပ်တည်နဲ့ နှုတ်ဆက်ပြီးထွက်သွားလေရဲ့
မုန့်ဖိုးမရလို့ မုန့်ဖိုးပေးဖို့ သူနဲ့ပူတူးတွေ့နေကျ ကျောင်းနောက်က ခုံတန်းလျားလေးဆီ ခေါ်ရင်လည်း စာလုပ်စရာရှိတယ်ဆိုသောအကြောင်းပြချင်နဲ့ တစ်ခါမှရောက်မလာပေ
ညနေပိုင်းစာသင်ရင်လည်း မျက်နှာတည်နဲ့ ကျက်ခိုင်းထားတဲ့စာတွေလည်း မရတာမရှိ အလွတ်ရေးရတာတွေလည်းတော်ရုံ သိပ်မမှားပေ သို့်သော်စာဘဲသင်လို့သည်
စာကနေ နည်းနည်းလေးသွေဖယ်ပြီး စကားစလိုက်မိရင် စာသင်ချိန်မှာ စာအကြောင်းဘဲပြောပါ Sam ဆိုပြီး ပြောလာတယ်
ဪ ရှိသေးတယ် သူ့ကို ကိုကိုလို့မခေါ်ဘဲ Samလို့ခေါ်တာ အဲ့ညကတည်းကပင်
အခုလည်း ကျောင်းပိတ်ရက်မို့လို့ သူသွားချင်တာလေးတွေလိုက်ပို့ပြီး ချော့မယ်တွေးထားပေမဲ့ ကိုယ်တော်ချောလေးက အသိမပေးဘဲ လုပ်သွားပြီ
"Baekလေးနဲ့ဘာဖြစ်ထားပြန်ပြီလဲ သား"
မားရဲ့အမေးကို သက်ပြင်းချပြီး အစအဆုံးပြောပြလိုက်တော့တယ်
"အယ် အဲ့ဒါသားကိုBaekbaekရစ်နေတာ ဘာမှမဟုတ်ဘူး သူ့စိတ်ပြေနေတာကြာပေါ့ သားချော့တာခံချင်လို့ရယ် စိတ်ထဲထားမနေနဲ့"
"မားရယ် ပြောတော့သာလွယ်တာ သားက ပူတူးကိုချစ်တာကို ဘယ်လိုလုပ်စိတ်ထဲမထားဘဲနေလို့ရမှာလဲ"