"ကိုကို ကိုကိုရေ"
"သားငယ် လာလေ"
"Omma ကိုကိုရော"
"ဟင် သားကိုကိုက သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားတယ်လေ သားကိုပြောမသွားဘူးလား"
"ဟုတ် မပြောသွားဘူး"
"ကဲ ပြောပါဦး ဘာတွေဖြစ်ထားတာလဲ"
"ဟင့်"
ကျောင်းပိတ်ပြီး တစ်ပတ်ကြာတော့ ကိုကိုနဲ့အပြင်ထွက်လည်ဖို့ ကတိပေးထားတာကိုမေ့ပြီး သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ကြတာ
ဖုန်းကလည်းအိမ်မှာကျန်ခဲ့တာ ကိုကိုနဲ့ချိန်းထားတာကို သတိပင်မရ
ပျော်ပျော်ရွှင်ရွှင်လျောက်လည်ပြီး ပြန်လာတော့အိပ်ခန်းထဲမှာရောက်နေတဲ့ကိုကို
အဲ့ကျမှ ကိုကိုနဲ့ချိန်းထားတာကို သတိရတယ်
တောင်းပန်တော့လည်း ဘာတစ်ခွန်းမှမပြောဘဲထွက်သွားတာ
အိမ်လိုက်သွားပြန်တော့လည်း ရေချိုးခန်းထဲဝင်သွားတာကြောင့် ပြန်လာခဲ့ရတယ်
နောက်ရက်တွေကျတော့လည်း ကိုကိုကကျောင်းသွားနေရတော့ သိပ်မတွေ့ရပေကျောင်းကပြန်လာချိန်နဲ့မှန်းပြီး သွားတွေ့ရင်လည်း ကိုယ်ပြောသမျှသာနားထောင်ပြီး စာထိုင်စစ်နေတတ်တာကြောင့် အားနာပြီး ပြန်လာရမြဲပင်
ကျောင်းပိတ်ရက်တွေကျတော့လည်း Appaကုမ္ပဏီမှာ အလုပ်ဝင်လုပ်ပေးနေရတယ်လေ
အခုလည်းရှိလိုရှိငြားထွက်လာခဲ့တော့ ကိုယ့်ကိုတောင်မပြောဘဲ အပြင်ထွက်သွားသည်တဲ့
"အဲ့ဒါပါဘဲ Ommaရယ်"
"အင်း Chanyeolစိတ်ဆိုးလည်းဆိုးချင်စရာပဲကွယ် အဲ့နေ့က သားနဲ့လျောက်လည်ဖို့ Appaကိုတောင် ခွင့်တောင်းခဲ့ရတာ"
အင်း အဲ့စကားလည်းကြားပြီးပါပြီ
အိမ်ကမားက အဲ့နေ့ကနေစပြီး အခုချိန်ထိ Chanyeolလေးက မနက်ထဲကထိုင်စောင့်နေရှာတာ ဖုန်းမေ့သွားတယ်ဆိုလဲသူများဖုန်းငှါးဆက်သင့်တယ် ဟိုကအလုပ်တောင်ဖျက်ထားရတာ ဆိုပြီး တွေ့တိုင်းဆူနေတာပင်