ကျွန်တော့်ရဲ့babyလေး Baby_Baek_04
လေးရဲ့ Yoda Vs Puppyလေးဖတ်ပေးကြပါဦးမှားဖျက်လိုက်မိလို့ ပြန်ကြေညာတာ😂
ကဲ စပြီနော်
အိပ်ရာနိုးနိုးချင်း ချစ်ရသူကိုတွေ့ရတာ တန်ဖိုးကြီးမားသောလက်ဆောင်တစ်ခုပင်
တစ်ညလုံးသူ့ကိုထုရိုက်အပြစ်တင်ပြီး ငိုထားလို့ မို့အစ်နေတဲ့မျက်လုံးဖောင်းဖောင်းလေးတွေ
ငိုလို့ဝတော့ စိတ်ဆိုးသည်ဟုဆိုကာ သူ့ကိုကျောပေးပြီးအိပ်သွားတဲ့ပူတူး
မနည်းချော့မော့တောင်းပန်မှ သနားလို့ဆိုသောအကြောင်းပြချက်နဲ့ ရင်ခွင်ထဲဝင်အိပ်ခဲ့တာ
အခုတော့ သူ့ရင်ခွင်ထဲတစ်ကိုယ်လုံးနစ်မြုပ်နေလေရဲ့
ချစ်တယ်ပူတူးရယ် ငယ်ငယ်ကတည်းကနေအခုထိအရိပ်တကြည့်ကြည့်နဲ့ချစ်ခဲ့ရတာ
ကိုကိုဆူရင် အရင်ဝမ်းမနည်းဘဲ ပူတူးအတွက် ပူတူးကိုတော်စေချင်လို့ တတ်စေချင်လို့ဆိုတာလေးကို အရင်တွေးပေးပါလား ပူတူးရယ်
ငိုထားလို့ ပင်ပန်းနေတဲ့ ပူတူးကို ခဏထားခဲ့ကာ ကိုယ်လက်သန့်ရှင်းဖို့ ရေချိုးခန်ထဲဝင်ခဲ့လိုက်တော့တယ်
ရံဖန်ရံခါ ပူတူးဆီလာလာအိပ်တတ်တာကြောင့် သူ့အတွက်သွားပွတ်တံကအဆင်သင့်ရှိနေပြီးသားပင်
သူရေချိုးခန်းထဲကထွက်လာသည်အထိ ပူတူးက အိပ်နေဆဲပင်