"ပူတူးရေ"
"Hyuneeအခန်းထဲမှာ သားရေ"
"Nae"
ဟိုတစ်နေ့က ကိစ္စကပြီးသွားပြီလို့ထင်ပေမဲ့ အိပ်ခါနီးမှ ဂျီကျတဲ့ပူတူးကြောင့် စာမေးပွဲနီးနေပေမဲ့လည်း ပိတ်ရက်မှာ အပြင်လိုက်ပို့မယ်လို့ကတိပေးလိုက်ရတယ်
ပြဿနာဖြစ်ပြီးနှစ်ရက်လောက်နေတော့ Papaတို့ပြန်ရောက်လာတာကြောင့် အခုပူတူးက အိမ်ပြန်ရောက်နေခြင်းပေ
တကယ်တမ်းအပြင်သွားချင်တာ ပူတူးဆိုပေမဲ့ အခုလောလောဆယ် အပြင်သွားဖို့အသင့်ဖြစ်နေတာက ကျွန်တော်ပင်
ကျွီ
အခန်းတံခါးဖွင့်ပြီး ဝင်ကြည့်လိုက်တော့ အံမယ် ကလေးစုတ်က စောင်ခြုံပြီးကွေးနေအောင်အိပ်နေလေရဲ့
၁၀နာရီတောင်ကျော်နေပြီကို အခုထိအိပ်နေတုန်းလား
အရင်နေ့တွေကတော့ ကျွန်တော်နှိုးတော့ထပြီး စာကျက်သေးတယ်
အခုကျတော့ Papaကလည်း သူငယ်ချင်းတွေနဲ့အပြင်သွား မားကလည်းအိမ်အလုပ်နဲ့ရှုပ်နေတော့ ပူတူးက လွတ်လပ်ရေးရနေတာပေါ့
"ပူတူး ပူတူး ထတော့"
"မား ၅မိနစ် ၅မိနစ်ဘဲ"
အိပ်ချင်မူးတူးနဲ့ မားထင်ပြီး ဆက်အိပ်နေလေရဲ့
"ပူတူးရေ ၁၀နာရီကျော်နေပြီ အခုချက်ချင်း ထ!"
"ဝှါး အင် ကိုကို"
ဆံပင်စုတ်ဖွားနဲ့ ငုတ်တုတ်လေးထထိုင်တဲ့ ပူတူးလေး
ချစ်စရာကောင်းတယ်ဆိုပေမဲ့ စာမေးပွဲနီးနေတာကို ဒီအချိန်ထိအိပ်နေတာကြောင့် စိုက်ကြည့်နေလိုက်တယ်
"Yar yar!!"
စိုက်ကြည့်နေတဲ့ကြားထဲကနေကို ဘုတ်ခနဲပြန်အိပ်သွားတဲ့ ပူတူးကြောင့် ပြန်ဆွဲထူတော့လည်း ထူတဲ့အတိုင်း ငုတ်တုတ်လေး